လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူများ ဆန္ဒပြ

By ကိုရွှေမြိတ်
08 March 2022
လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူများ ဆန္ဒပြ

လောင်းလုံး၊ မတ်လ၊ ၈

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ မတ်လ ၈ ရက် နံနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ပြည်သူများ ဆန္ဒထုတ်ဖော်ကြကြောင်း ဒေသခံများထံမှ သိရသည်။

“ကုန်ဈေးနှုန်း၊ လောင်စာဆီ ဈေးနှုန်း၊ အင်တာနက် အသုံးပြုခများနဲ့ အဆမတန် မြင့်မားလာတာတွေက အစ မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုတွေ အဆုံး စစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေက လူထုအပေါ် ရည်ရွက် ချက်ရှိရှိ တစ်နေ့ တခြားဖိနှိပ်အုပ်ချုပ်နေတာပါ” ဟု ဆန္ဒပြ လူငယ်များက ဆန္ဒထုတ်ဖော်ရာတွင် ပြောဆို သွားသည်။

ထားဝယ်ခရိုင်တွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို စစ်ကောင်စီတပ်ဖွဲ့က မတရား ဖမ်းဆီးမှု ရှိနေသော်လည်း လောင်းလုံးမြို့နယ်တွင် လူငယ်များနှင့် ဒေသခံ ပြည်သူများက မကြာခဏ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ ထုတ်ဖော်လျက်ရှိသည်။

Photo - Source From Citizen Journalist

#လောင်လုံးမြို့

#တနင်္သာရီတိုင်း

#ဆန္ဒပြ

#အရေးတော်ပုံအောင်ရမည်

#Mizzima

#PhotoNews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly