မွန်ဂိုလီးယားတွင် တရုတ်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူကို ဖမ်းဆီးမှုအပေါ် စိတ်ဆိုးဒေါသထွက်

မွန်ဂိုလီးယားတွင် တရုတ်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူကို ဖမ်းဆီးမှုအပေါ် စိတ်ဆိုးဒေါသထွက်

မွန်ဂိုလီးယားတွင် လူသိများသည့် တရုတ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတစ်ဦးကို မကြာသေးမီက ဖမ်းဆီးလိုက်ခြင်းကြောင့်အဆိုပါဒေသသည် တိဗက်လမ်းကြောင်းအတိုင်း ဦးတည်နေပြီလားဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်လာသည်။ ထိုသို့ဖမ်းဆီးမှုသည် ဒေသခံလူနည်းစုများကို အင်အားကြီးသော ဟန်ယဉ်ကျေးမှုအဖြစ် ပေါင်းစည်းကာ လူနည်းစုဘာသာစကားများကို ချေမှုန်းရန် ရှင်ကျန်းနှင့် တိဗက်ကဲ့သို့သော အခြားဒေသများရှိ လှုပ်ရှားမှုများကို ထင်ဟပ်စေသည်ဟု မူဝါဒဝေဖန်သူများက ပြောသည်။

ဒေသလွတ်မြောက်ရေးကို ထောက်ခံအားပေးသည့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မန်ဘာရာ ချူလူဒေါသည် နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့ထံမှ ညွှန်ကြားချက်များနှင့် ရန်ပုံငွေများကို ရယူမှု သံသယဖြင့် ပြီးခဲ့သည့်လက အူလန်ဘာတာမြို့တော်တွင် ဖမ်းဆီးခံခဲ့ရသည်။

အထွေထွေ ထောက်လှမ်းရေးအေဂျင်စီ (GIA) က မန်ဘာယာသည် တရားမဝင် လှုပ်ရှားဆောင်ရွက်မှုများတွင် ပါဝင်ပတ်သက်နေသည်ဟု ပြောသည်။

မွန်ဂိုလီးယားတွင် တရုတ်ကြီးစိုးမှုအပေါ် မန်ဘာယာ၏ ဝေဖန်မှုများသည် အစိုးရကို အလေးမထားရာရောက်ပြီး အာဏာပိုင်များ၏ စောင့်ကြည့်မှုအောက်သို့ ရောက်သွားစေသည်ဟု ဝေဖန် သူများက ဆိုသည်။

ဖမ်းဆီးမှုသည် မွန်ဂိုလီးယားမှ တရုတ်ဝေဖန်သူများကို အမြစ်ပြတ်ချေမှုန်းရန် တရုတ်၏ သုတ်သင် ရှင်းလင်းရေး လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ထောက်ခံသူများက သံသယရှိနေကြသည်။

မကြာသေးမီက တရုတ်အာဏာပိုင်များသည် မွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မိခင်ဘာသာ စကားဖြင့် ပညာသင်ကြားမှုလျှော့ချရေးအစီအမံများကို ဆန့်ကျင်ကန့်ကွက်သည့် မွန်ဂိုလူမျိုး တိုင်းရင်းသားများအပေါ် ပြင်းထန်စွာ နှိမ်နင်းခဲ့သည်။

မန်ဘာယာသည် တိုင်းရင်းသားလူနည်းစုများ၏ ဒီမိုကရေစီအခွင့်အရေးများကို ချိုးဖောက်သည့် မူဝါဒများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။သူသည် မွန်ဂိုလီးယားတွင် တရုတ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုကို ဆန့်ကျင်သည့် အမျိုးမျိုးသော အစည်းအဝေးများ၊ ညီလာခံများနှင့် စည်းရုံးလှုပ်ရှားမှုများကိုပင် ပြုလုပ်ခဲ့သည်။

တရုတ်နှင့်ရင်းရင်းနှီးနှီးဆက်ဆံသော မွန်ဂိုဝန်ကြီးချုပ် လူဆန်နမ်ရိန်းအိုယွန်းအာဒီနီအား နုတ်ထွက်ပေးရန်လည်း မန်ဘာယာက တောင်းဆိုခဲ့သည်။

မန်ဘာယာ ဖမ်းဆီးခံရမှုကြောင့် အမျက်ဒေါသထွက်ခဲ့ကြပြီး တက်ကြွလှုပ်ရှားသူအများအပြားက ၎င်းသည် တရုတ်အစိုးရမှ ညွှန်ကြားသည့် အစီအစဉ်ဖြစ်ကြောင်း တထစ်ချ ပြောဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly