ဖမ်းဆီးခဲ့သည့် စစ်ကောင်စီတပ်သား ၂ ဦးကို ဆေးဝါး ကုသ ပေးထားဟု KNDF ထုတ်ပြန်

ဖမ်းဆီးခဲ့သည့် စစ်ကောင်စီတပ်သား ၂ ဦးကို ဆေးဝါး ကုသ ပေးထားဟု KNDF ထုတ်ပြန်

မတ် ၇

ကရင်နီပြည်နယ် ကျောက်ဆည်ကန် တိုက်ပွဲ၌ ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်သား နှစ်ဦးကို ဆေးဝါး ကုသ ပေးခဲ့ကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ယနေ့ မတ်လ ၇ ရက်တွင် သတင်း ထုတ်ပြန်သည်။

၎င်းတို့ နှစ်ဦးကို ယမန်နေ့ မတ်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကျောက်ဆည်ကန် တိုက်ပွဲတွင် KNDF အမှတ် (၁) တပ်ရင်းက ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ပြီး Karenni State Police ထံ သွားရောက် အပ်နှံ ခဲ့သည်ဟု ဆိုသည်။

ထိုတိုက်ပွဲ အတွင်း စစ်ကောင်စီ တပ်သား အများအပြား သေဆုံးခဲ့ပြီး လက်နက်အချို့ ဖြစ်သည့် (MA1၊ MA2 ၊ MA4 ၊ MA Sinper) တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်းလည်း KNDF က ဆိုထားသည်။

ကရင်နီပြည်နယ်၌ စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက် နေခြင်းကြောင့် တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေပြီး စစ်ရှောင်များလည်း တိုးလာကာ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်လျက် ရှိသည်။

#ကရင်နီပြည်နယ်

#ကျောက်ဆည်ကန်တိုက်ပွဲ

#KNDF

#KarenniStatePolice

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required