နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၇ မတ် ၂၀၂၂ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၇ မတ် ၂၀၂၂ )

အမျိုးသားညီညွတ်ရေးအစိုးရ

  • ယခုတော်လှန်ရေးတွင် လူသားချင်းစာနာမှုဆိုင်ရာ ခေါင်းစဉ်အောက်ကနေ နိုင်ငံတကာမိတ်ဖက် အဖွဲ့ အစည်းများ၊ နိုင်ငံတကာအစိုးရများမှ ယခုအချိန်ထိ တစ်ကျပ်တစ်ပြားမှ အကူအညီမရသေးကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောသည်။
  • NUG အစိုးရအနေဖြင့် တော်လှန်ရေးတွင် လက်နက်ကိုင်လှုပ်ရှားမှုများအပြင် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးကလေးသူငယ်ဆိုင်ရာကိစ္စရပ်များ၊ ကိုယ်ဝန် ဆောင်မိခင် ဆိုင်ရာ ကိစ္စရပ်များကို မေ့လျော့မထားဘဲ အားလုံးလွှမ်းခြုံပြီး ဆောင်ရွက်လျက်ရှိပြီး မူဝါဒ လုပ်ငန်းစဉ်၊ အကောင်အထည် ဖော်မှုများကို လက်တွေ့ကျကျ ပြသဖို့လိုအပ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောသည်။
  • IPU General Assembly တွင် ပါဝင်ဆွေးနွေးမည့် ကိစ္စရပ်များနှင့် ပတ်သက် ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်း ရေးဝန်ကြီးဌာနတို့အကြား မတ် ရက် ကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။
  • အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဖက်ဒရယ်ကျန်းမာရေးစောင့်ရှောက်မှုစနစ် အရောက်သွားနိုင်ရန် အတွက် ဦးစားပေးချမှတ်ထားခြင်းရှိပြီ’ လက်ရှိအချိန်မှာလည်း အောင်အောင်မြင်မြင်သွားနိုင်နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်တွင် မိတ်ကပ်မေဦးနှင့် အလင်းရောင် လူငယ်များ ပူးပေါင်းပြီး အလှအနုပညာမှ နွေဦးတော်လှန်ရေးဆီသို့ Fundraising ပွဲကို မတ်လ ရက်နှင့် ရက်နေ့များတွင် ပြုလုပ်ခဲ့ကြောင်း ပွဲစီစဉ်သူများထံမှ သိရှိရသည်။
  • စစ်ကိုင်းတိုင်း၊ တန့်ဆည်တွင် လက်နက်ကိုင် မဘသ ဘုန်းကြီးအမည်ခံ ဝါသ၀ ခေါင်းဆောင်သော အဖွဲ့ တိုက်ခိုက်ခံရပြီး ၃၀ ကျော် သေဆုံးနိုင်ကြောင်း သိရသည်။
  • အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ပြည်သူများသည် ယနေ့ မတ်လ ရက်နေ့တွင် ၃၉၃ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။
  • ယင်းမာပင် အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်းရှိ ပြည်သူများ စုပေါင်း၍ ၃၆၂ ရက်မြောက်နေ့ ရွာ

ပေါင်းစုံသပိတ် စစ်ကြောင်းကို ယနေ့ မတ် ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က မတ်လ ရက်နေ့တွင် လက်နက် ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသကာကွယ်ရေးတပ်များက ပြောဆိုသည်။
  • မန္တလေးတိုင်း၊ မြစ်ငယ်မြို့တွင် မတ်လ ရက်နေ့ နံနက် နာရီမှစကာ မြို့အဝင်အထွက်အားလုံးကို ပိတ်ဆို့ကာ မြို့ပေါ်ရှိ လူများ၏ နေအိမ်များ၊ ဈေးဆိုင်ခန်းများကို ကျူးကျော်ဟု သတ်မှတ်ပြီး ရက်အတွင်း အပြီးဖျက်သိမ်းရွှေ့ဆိုင်းခိုင်းနေကြောင်း ဒေသခံများက ပြောကြားသည်။
  • မတ်လ ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီတပ် လုံခြုံရေးယူထားသည် မန္တလေး ချမ်းအေးသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှာ ပေါက်ကွဲမှု ဖြစ်ပွားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရှိရသည်။
  • စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်းမှုတွင် ပါဝင်မှုကြောင့်ဟုဆိုကာ ခင်မောင်အေးပိုင် CB ဘဏ် ATMကို ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း Justice Bringer Forceက သတင်းထုတ်ပြန်သည်။
  • ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်()ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မတ်လ ရက်နေ့ မွန်းတည့် ၁၂ နာရီ ဝန်းကျင် အချိန် သေနတ်သမားတချို့က ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်တော်သား ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ ဝင် တစ်ဦးသေဆုံးကြောင်း ဒေသခံများက ပြောဆိုသည်။
  • ချင်းပြည်နယ်၊ ဖလမ်းမြို့၊ လာမ်ပါရပ်ကွက်တွင် မတ်လ ရက် ညသန်းခေါင် ၁၂ နာရီဝန်းကျင်တွင် မီးရှို့ခံ ရမှုကြောင့် နေအိမ် လုံး မီးလောင်ပြာကျသွားပြီး ဒေသခံများက အကြမ်းဖက်စစ်ကောင်စီ လက်ပါး စေများက ရှို့သည်ဟု ထင်မြင်ယူဆနေကြသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

  • မတ်လ ရက်နေ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံးခဲ့ပြီး ယနေ့ တိုက်ပွဲတွင်လည်း စစ်သား ဦး အရှင်ဖမ်းမိကာ စစ်သားအလောင်းများ ပုံနေကြောင်း ကရင်နီပြည်နယ် PDF သတင်းရင်းမြစ်များနှင့်အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးဌာနက သတင်းထုတ်ပြန်သည်။
  • ကချင်ပြည်နယ်၊ မိုးညှင်းမြို့နှင့် နန့်မာကျေးရွာကြား ညောင်ကုန်း၌ KIA PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ ယနေ့ နံနက် ဖြစ်ပွားသောတိုက်ပွဲတွင် ဒေသခံ PDF ဦး ကျဆုံးကာ စစ်ကောင်စီဘက်မှ ၂၀ ဦး ထက်မနည်း သေဆုံးကြောင်း ဒေသသတင်းရင်း မြစ်များထံမှ သိရှိရသည်။
  • ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ် ဘက်မှ ရသေ့ဂူကျေးရွာဘက်သို့ စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA PDF ပူးပေါင်း တပ်ဖွဲ့ များကြား ယနေ့ မတ်လ ရက် နံနက်အစောပိုင်းမှစတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး လေးကေ့ကော် မြို့သစ် အနီးရှိ စစ်ကောင်စီတပ်စွဲထားရာ အမြှောက်ကုန်းမှ လက်နက်ကြီး ပစ်ကူပေးနေကြောင်း သတင်းရရှိသည်။
  • ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်၊ ကျောက်ဆည်ကန်ကျေးရွာနှင့် သေးဆူလဲ ကျေးရွာ များတွင် အကြမ်းဖက်စစ်ကောင်စီတပ်ထိုးစစ်ဆင်လာမှုကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် ယနေ့ မတ်လ ရက် နံနက် နာရီမှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
  • ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် () ဒေသတွင်း နယ်မြေ ရှင်းလင်းရေးနှင့် ပြည်သူများ ထိခိုက်မှု မရှိစေရန် လက်ကျန်မိုင်းများ ရှင်းလင်းရေးအတွက် မိုင်းရှင်း စက်ပစ္စည်း ကိရိယာများ လိုအပ်နေသည်ဟု မင်းတပ် CDF သိန်းငှက်တပ်ရင်းမှ သိရသည်။

စစ်ကောင်စီ

  • LNG ဓာတ်အားပေးစက်ရုံများတွင် LNG စျေးနှုန်းမြင့်တက်မှုကြောင့် မလည်ပတ်နိုင်တော့ဘဲ ရပ်တန့် ထားရပြီး ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိသော ဓာတ်အားမှာလည်း ဓာတ်အားလိုင်းများလည်း ဖောက်ခွဲခံထားရ၍ ပြင်ဆင်ရန် ကြိုးပမ်းနေရသည့်အတွက် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ် လျှပ်စစ်မီး ၂၄ နာရီ ပြတ်တောက်မည်ဖြစ်ကြောင် စစ်ကောင်စီက ကြေညာသည်။
  • စစ်ကောင်စီ စီးပွား/ကူးသန်းဝန်ကြီးဌာနက လက်အောက်ရှိ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီက စားအုန်းဆီ (ရန်ကုန်အထိုင်ဈေး) တစ်ပိဿာကို အနိမ့်ဆုံး ၅၉၄၀ ကျပ်မှ အမြင့်ဆုံး ၆၅၇၅ ကျပ်ဖြစ်ကြောင်း သတ်မှတ်ထားသည်။
  • ဆန်စပါး ကြိတ်ခွဲသန့်စင်ထုတ်လုပ်သည့် ဆန်စက်များ၏ ဘေးထွက်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းများဖြစ်သော စပါးခွံ(Rice Husk)နှင့် ဖွဲနု (Rice Bran) တို့မှတိုးဖိုးမြှင့်ထွက်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း စစ်ကောင်စီ သတင်းစာတွင်ဖော်ပြထားသည်။
  • မြန်မာ့ပင်လယ်ပြင်တွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုနှင့် လူတို့ပိုမိုဖမ်းဆီးလာမှုတို့ကြောင့် ငါးသယံဇာ တလျော့နည်းလာမှုကို ထိန်းချုပ် ကြပ်မတ်နိုင်ရန် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင်ရှိသော တိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ ငါးလုပ်ငန်းဦးစီးဌာနများတွင် တပ်ဆင်ထား သော VMS စနစ်စက်ဖြင့် ငါးဖမ်းရေယာဉ် များနှင့် ငါးသယ်ရေယာဉ်များကို ထိန်းချုပ်စောင့်ကြည့်လျက်ရှိကြောင်း စစ်ကောင်စီ ကြေညာသည်။
  • မကြာခင်ကာလတွင် ရုပ်ရှင်အနုပညာနှင့် ပတ်သက်သည့် လုပ်ငန်းများကို ပြန်လည်စတင်ရန် စီစဉ်နေကြောင်း စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းကပြောသည်။

မတ် ၇ ရက် သုံးသပ်ချက်

  • ရရှိထားသည့် သတင်းအချက်အလက်များအရ စစ်ကောင်စီအဖွဲ့များသည် ဘဏ္ဍာရေးအကျပ်အတည်း အုပ်ချုပ်ရေးအကျပ်အတည်းများ ဖြစ်နေပြီး မနိုင်မနင်းဖြစ်နေသည်ကို တွေ့ရသည်။ယင်းအခြေအနေတွင် တော်လှန်ရေးအင်အားစုများ အားလုံးမှညီညီညွတ်ညွတ်ဖြင့် စစ်အုပ်စုကို တွန်းလှန်ရမည်ဖြစ်သည်။ ပြည်သူများမှလည်း စစ်အာဏာရှင် အမိန့်မှန်သမျှ တတ်စွမ်းသ၍ ဖီဆန်ကြရမည်ဖြစ်သည်။
  • လေကြောင်းအကူအညီများ ဖောဖောသီသီသုံးကာ ကရင်နီတွင် ထိုးစစ်ဆင်နေသော်လည်း မြေပြင်တွင် စစ်ကောင်စီတပ်များ အကျအဆုံးများနေသည်။စစ်ကိုင်းဘက်တွင်လည်း ရွာစဉ်လှည့်လည် မီးရှို့နေသလို စစ်ကောင်စီဒေါက်တိုင် ဘုန်းကြီးဆိုးများက လက်နက်ကိုင်ကာ ရွာများကိုဝင်တိုက်နေသည်ဟု သတင်းအချက်အလက်များအရသိရသည်။တော်လှန်ရေးအပြီး ကြားကာလအုပ်ချုပ်ရေးတွင် သာသနာသန့်ရှင်းရေး ပြုလုပ်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly