သရက်ချောင်းမြို့နယ်တွင် ဒလန်ဟုနာမည်ကြီးနေသူ ပစ်ခတ်ခံရ၍ သေဆုံး

By ကိုရွှေမြိတ်
07 March 2022
သရက်ချောင်းမြို့နယ်တွင် ဒလန်ဟုနာမည်ကြီးနေသူ ပစ်ခတ်ခံရ၍ သေဆုံး

ထားဝယ်၊ မတ်လ၊ ၇

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကြာအင်းကျေးရွာ အုပ်စုရှိ သူရဲတောင်ရွာက ဒလန်ဟု နာမည်ထွက်နေသူ တစ်ဦး ယနေ့ မတ်လ ၇ ရက် မနက်ပိုင်းက ၎င်း၏ ရော်ဘာခြံ အတွင်း သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေးဆုံးသွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပစ်ခတ်ခံရ၍ သေဆုံးသူမှာ ဦးဇော်ဝင်း (ခ) ရခိုင် ဆိုသူ ဖြစ်ပြီး ရာဘာခြံတွင် ရာဘာစေး ခြစ်နေစဉ် သေနတ်နှင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

သရက်ချောင်းမြို့ ဒေသခံ တစ်ဦးက"ဦးဇော်ဝင်းဟာ စစ်ကောင်စီကို သတင်းပေးတာ၊ ပျူစောထီး အဖွဲ့ဝင်တွေနဲ့ အချိတ်ဆက် လုပ်ကိုင်တာနဲ့ စစ်သားတွေကို ခေါ်ပြီး ရွာထဲက လူငယ်တွေကို ဖမ်းဆီး ခိုင်းတာတွေ လုပ်တယ်" ဟု ပြောသည်။

လက်ရှိ အချိန်အထိ အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ခြင်း မရှိသေးပေး။

သရက်ချောင်းမြို့နယ်တွင် ကြာအင်းအုပ်စု သူရဲတောင်ရွာနှင့် ကင်းရှေ့ ရွာကို ဆက်သွယ်သည့် သစ်သား ကြိုးတံတား ကို ပျူစောထီးဆိုသူအဖွဲ့က ကားတစ်စီးနှင့် ရောက်လာပြီး ယနေ့ မနက် ည ၉ နာရီခန့်တွင် လာရောက်ပြီး မိုင်းခွဲ ဖျက်ဆီး သွားခဲ့ကြောင်း ဒေသခံ များထံမှ သိရ သည်။

#MizzimaTV

#သရက်ချောင်းမြို့

#တနင်္သာရီတိုင်း

#ဒလန်ဆိုသူအသတ်ခံရ

#မိုင်းခွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly