ဘဏ်လုပ်ငန်းတွင် ရုရှားကို ပိတ်ဆို့အရေးယူများ ပြုလုပ်မည်မဟုတ်ကြောင်း တရုတ်ပြောကြား

ဘဏ်လုပ်ငန်းတွင် ရုရှားကို ပိတ်ဆို့အရေးယူများ ပြုလုပ်မည်မဟုတ်ကြောင်း တရုတ်ပြောကြား

ယူကရိန်းတွင် တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသော်လည်း ရုရှားအား ပိတ်ဆို့အရေးယူမှုကို လုပ်ဆောင်သွားမည် မဟုတ်ကြောင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် ဘဏ္ဍာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဟု တရုတ်ဘဏ်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Sputnik သတင်းဌာနက မတ် ၂ ရက်တွင် ဖော်ပြခဲ့သည်။

တရုတ်ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းကြီးကြပ်ရေးကော်မတီ (CBIRC) အကြီးအကဲ ကောင်းရှုကျင်းက “ပိတ်ဆို့အရေးယူမှုတွေမှာ ပါဝင်မှာမဟုတ်ဘဲ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာတွေမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ရုရှားစစ်တပ်က ယူကရိန်းကို ဝင်ရောက်ကျူးကျော်သည့် ဖြစ်စဉ်ကြောင့် အနောက်နိုင်ငံများ၏ ဖိအားများနှင့် ကြုံတွေ့ရသည့် ရုရှား၏ အကြီးဆုံးချေးငွေလုပ်ငန်းကြီးဖြစ်သော Sberbank သည် ဥရောပမှ ဈေးကွက်အားလုံးနီးပါးကို စွန့်လွှတ်နေရသည်။

ဥရောပသမဂ္ဂက VTB၊ Rossiya၊ Otkritie၊ Novikombank၊ Promsvyazbank၊ Sovcombank နှင့် BEV.RF အစရှိသည့် ဘဏ် ၇ ခုနှစ် အဆက်အသွယ်ဖြတ်တောက်လိုက်ကြောင်း Sputnik သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly