လှိုင်သာယာ အမှတ် (၅) ရပ်ကွက် ရာအိမ်မှူး ပစ်သတ်ခံရ

လှိုင်သာယာ အမှတ် (၅) ရပ်ကွက် ရာအိမ်မှူး ပစ်သတ်ခံရ

မတ်လ ၆ ရက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (၃) ထိပ်နှင့် ဗိုလ်ချုပ် မှတ်တိုင်ကြားရှိ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးရုံးတွင် ယနေ့ မတ်လ ၆ ရက် နေ့လည် ၁၂ နာရီ ကျော်က ရာအိမ်မှူး ဦးမြင့်အောင် ဆိုသူ သေနတ်ဖြင့် ခြောက်ချက် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

“သူ့ကို အမှိုက်လို့ နာမည်ပြောင် ပေးထားကြတာ။ သူက အခုမှ ရာအိမ်မှူး ဖြစ်တာ။ လှိုင်သာယာ နေရာ တော်တော်များများမှာ အရင် ရပ်ကျေး လူကြီးတွေက မရှိတော့တာ ကြာပြီ” ဟု ဒေသခံက ပြောသည်။

ပစ်ခတ်မှုတွင် ဦးမြင့်အောင်နှင့် အခြား တစ်ဦး ထိမှန်ကြောင်း ဆိုသည်။

 “နောက်ထပ် တစ်ယောက်လည်း အပစ်ခံရတဲ့ အထဲမှာ ပါတယ်၊ သေ မသေတော့ မသိသေးဘူး။ ဦးမြင့်အောင် ကတော့ သေနတ် ခြောက်ချက်နဲ့ ပွဲချင်းပြီးတာပဲ” ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် လပိုင်းကလည်း ရာအိမ်မှူး ဦးမြင့်အောင် အိမ်ရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံက ဆက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required