ပင်းတယမြို့နယ်တွင် စစ်ကောင်စီ သတင်းပေးဆိုသူ ပစ်သတ်ခံရ

By စန်းကျိန်
06 March 2022
ပင်းတယမြို့နယ်တွင် စစ်ကောင်စီ သတင်းပေးဆိုသူ ပစ်သတ်ခံရ

မတ် ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ် မြောက်ပိုင်း၊ ညောင်ကောက်ကျေးရွာနေ စစ်ကောင်စီ သတင်းပေးဟု နာမည်ကြီးသူ မင်းဦး မတ်လ ၅ ရက် နေ့လည် ၂ နာရီခွဲ ဝန်းကျင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

အသက် ၄၀ နှစ်အရွယ် မင်းဦး သည် ရပ်စောက်မြို့ရှိ ဗထူးတပ်သို့ မကြာခဏ ရိက္ခာ ပို့ပေးနေသူ ဖြစ်ကြောင်း ဖနန်ရွာနှင့် သိမ်ကုန်းရွာကြားရှိ ဆန်စက်တွင် ပစ်ခတ်ခံရရာ နေရာတွင် ပွဲချင်းပြီး သေဆုံးကြောင်း ဒေသခံများထံက သိရသည်။ 

''သူက PDF ကလေးတွေကို မြင်တော့ ချက်ခြင်း တန်းပြေးတာ။ သူလုပ်ထားတာ အပြစ်ရှိလို့ နေမှာ။ သူက ဒလန် အကြီးစားလေ။ သေနတ်နဲ့ ကိုးချက် ပစ်ခံရပြီး ပထမ တစ်ချက်မှာတင် ထိသွားတာ။ အရင်လ ၁၁ ရက်နေ့တုန်းက အသတ်ခံရတဲ့ ဒလန် ဖေဝင်းနဲ့ ရင်းနှီးသူတွေလည်း ဖြစ်တယ်'' ဟု ဒေသခံက မဇ္ဈိမကို ပြောပြသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီး မိနစ်ပိုင်း အတွင်း စစ်ကောင်စီတပ် ကားငါးစီးဖြင့် လာရောက်စဉ် ပင်းတယမြို့ စည်ပင်ရုံး ဗုံးခွဲခံရကြောင်း စည်ပင်ရုံး ဝန်ထမ်းအားလုံး စစ်ကောင်စီ၏ ခိုင်းစေမှုများ လုပ်ဆောင် နေသောကြောင့် သတိပေး ဖောက်ခွဲခဲ့ကြောင်း ပင်းတယ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။
#Mizzima
#ပင်းတယမြို့နယ်
#မင်းဦး
#ပစ်သတ်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly