မော်လူးမြို့အနီး၌ စစ်ကောင်စီ ယာဉ်တန်းကို KIA ၊ PDF ပူးပေါင်းအဖွဲ့များ တိုက်ခိုက်

မော်လူးမြို့အနီး၌ စစ်ကောင်စီ ယာဉ်တန်းကို KIA ၊ PDF ပူးပေါင်းအဖွဲ့များ တိုက်ခိုက်

မတ် ၅

ကချင်ပြည်နယ်သို့ စစ်ကြောင်း ထွက်လာသော ကား ၂၇ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို စစ်ကိုင်းတိုင်း မော်လူးမြို့ အနီး၌ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၀ ဦးခန့် သေဆုံးနိုင်ကြောင်း KIA သတင်းရင်းမြစ်ထံက သိရသည်။

ယနေ့  မတ်လ ၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲ ပြင်းထန် သောကြောင့် မန္တလေး- မြစ်ကြီးနား လမ်းပိုင်းရှိ ခရီးသည်များ နံနက် ၅ နာရီမှ နေ့လယ် ၁၂ နာရီ အထိ လမ်းတွင် ပိတ်မိနေခဲ့သည်။ 

‘’ မနက်ကနေ တိုက်ပွဲဖြစ်လို့ နဘား မှာ ရပ်စောင့်နေရတာ။ နေ့လယ် ၁၂ နာရီ လမ်းပြန်ဖွင့်လို့ ပြန်ထွက်လာတာ၊ အခု နန့်စီးအောင်ဂိတ် မှာ ပြန်ပိတ်မိနေတာ ၁ နာရီလောက် ပြန်ရှိပြီ။ စစ်ကားတွေလည်း အများကြီး ရပ်ထားတာ တွေ့တယ် “ ဟု ခရီးသွားပြည်သူ တစ်ဦးက ပြောသည်။

တိုက်ပွဲ ငြိမ်သက်သွားအပြီးတွင်မှု စစ်ကောင်စီ ယာဉ်တန်းသည် ကချင်ပြည်နယ်သို့ ဆက်လက် ချီတက်သွားကြောင်း သတင်းရရှိသည်။
#ကချင်ပြည်နယ်
#KIA
#PDF
#MizzimaTV
#စစ်ကောင်စီယာဉ်တန်း
#မော်လူးမြို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required