ရိခေါ်ဒါ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ် ဝင်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

ရိခေါ်ဒါ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ် ဝင်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

မတ် ၅

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါမြို့ အမှတ် (၂) ရပ်ကွက် တိအိုချောင်း တောင်ထိပ်ပေါ်တွင် တပ်စွဲ ထားသည့် စစ်ကောင်စီတပ်စခန်းကို ယနေ့ မတ်လ ၅ ရက် နံနက် ၅ နာရီ ၅၀ မိနစ်က ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။
    
အဆိုပါ တပ်စခန်းသည် ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်တပ်အင်အား ၃၀ ကျော်ဖြင့် လာရောက် တပ်စွဲ ထားသည့် စခန်းဖြစ်ပြီး ဒေသခံ ကာကွယ်ရေးတပ်များနှင့် တစ်နာရီခွဲခန့်ကြာ အပြန်အလှန် ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ငါးဦး သေဆုံးပြီး ဒဏ်ရာရသူ များပြားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ဒဏ်ရာရသူ အနည်းအငယ်ရှိကြောင်း သိရသည်။
    
''ကျွန်တော်တို့ ဒီမနက်ကို သွားပစ်တာက တလောကမှ စခန်းချထားတဲ့ စခန်းအသစ်ကို သွားတိုက်ခဲ့တာ ဖြစ်တယ်။ အရင် သူတို့စခန်း အဟောင်းကိုလည်း သွားပစ်ကြသေးတယ်” ဟု ချင်းအမျိုးသား အဖွဲ့ချုပ် တာဝန်ရှိသူက ပြောသည်။
    
ရိခေါ်ဒါ စစ်ကောင်စီ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဖြစ်သည့် PDF-Zolan၊ CDM-Siyin၊ CNDF၊ CAN၊ CDF-Hualngo တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
#PDF-Zolan
#CDM-Siyin
#CNDF
#CAN
#CDF-Hualngo
#ရိခေါ်ဒါမြို့
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required