တရုတ်နှင့် ရုရှားတို့သည် နော်ဝေနိုင်ငံ၏ လုံခြုံရေးကို ကြီးမားစွာ ခြိမ်းခြောက်နေ

တရုတ်နှင့် ရုရှားတို့သည် နော်ဝေနိုင်ငံ၏ လုံခြုံရေးကို ကြီးမားစွာ ခြိမ်းခြောက်နေ

တရုတ်နှင့် ရုရှားတို့သည် နော်ဝေနိုင်ငံ၏ လုံခြုံရေးကို ကြီးကြီးမားမားခြိမ်းခြောက်နေပြီး အထူးသဖြင့် နော်ဝေဆိုက်ဘာ ကွန်ရက်များကို ပစ်မှတ်ထားကာ စစ်ဘက်နည်းပညာ/ မဟာဗျူဟာရယူမှုများအပြင် နော်ဝေ အစိုးရဆန့်ကျင် ရေးအဖွဲ့များကို အားပေးခြင်းနှင့် လှုပ်ရှားမှုများကို သြဇာလွှမ်းမိုးခြင်းများ ပြုလုပ်နေကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ၂၀၂၂ခုနှစ် လူထုခြိမ်းခြောက်မှုနှင့် အန္တရာယ်အကဲဖြတ်ချက်အစီရင်ခံစာက ဆိုသည်။ .

နော်ဝေထောက်လှမ်းရေး/ ရဲလုံခြုံရေးဌာနနှင့် အမျိုးသားလုံခြုံရေးအာဏာပိုင်များသည် ၂၀၂၂ခုနှစ်အတွက် ယင်းတို့၏ အများပြည်သူဆိုင်ရာ ခြိမ်းခြောက်မှုနှင့် အန္တရာယ်အကဲဖြတ်ချက်အစီရင်ခံစာကို တင်ပြခဲ့ပြီး

လူ့အဖွဲ့အစည်း၏ ကဏ္ဍပေါင်းစုံနှင့် နယ်ပယ်အသီးသီးတွင် နော်ဝေ၏ အမျိုးသားလုံခြုံရေး အကျိုးစီးပွားများကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ စိန်ခေါ်ခံနေရကြောင်း အလေးထားထောက်ပြခဲ့သည်။

နိုင်ငံငယ်တစ်ခုအနေဖြင့် နော်ဝေးသည် သိသာမြင်သာသော အနေအထားတွင် ရှိနေပြီး ယင်း၏ ယှဉ်ပြိုင်နိုင် စွမ်းရှိသော စက်မှုကဏ္ဍနှင့် စီးပွားရေး ကျွမ်းကျင်မှုများကို အခြားသူများ စိတ်ဝင်စားမှုရှိကြောင်း ကြေညာ ချက်တွင် ဖော်ပြထားသည်။

မူဝါဒချမှတ်ခြင်း၊ အရေးပေါ်ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ အချက်အလက်များအပြင် နော်ဝေး၏ အလွန်အဆင့် မြင့်သော နည်းပညာနယ်ပယ်များသို့ တရုတ်နှင့် ရုရှားထောက်လှမ်းရေးများက အထူးစိတ်ဝင်စားခဲ့ကြသည်။

တရုတ်က ဥရောပနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး မူဝါဒများတွင် စိတ်ဝင်စားမှု တိုးလာချိန်တွင် တရုတ်၏ ထောက်လှမ်းရေး လှုပ်ရှားမှုနှင့် ပတ်သက်၍ တရုတ်ဆိုက်ဘာတိုက်ခိုက်မှုများသည် နော်ဝေ၏ နိုင်ငံရေး ကိစ္စရပ်များတွင် ပိုမိုအာရုံစိုက်လာသည်ဟု ရှုမြင်ခဲ့ကြသည်။

တရုတ်ဆန့်ကျင်ရေး နော်ဝေနိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများကို ဖော်ထုတ်ရန် ကြိုးပမ်းမှုများ လည်း ရှိခဲ့သည်။

တရုတ်သြဇာခံကွန်ရက်များသည် နော်ဝေး၏ လွတ်လပ်စွာလုပ်ဆောင်မှုကို ထိခိုက်စေနိုင်ပြီး နိုင်ငံ၏ အကျပ် အတည်းများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို ထိခိုက်စေနိုင်သည်ဟု သိမြင်ခဲ့သည်။

နော်ဝေစီးပွားရေးပတ်ဝန်းကျင်သို့ တရုတ်အများအပြားဝင်ရောက်လာမှုအန္တရာယ်ကြောင့် စီးပွားရေးနှင့် စက်မှုလုပ်ငန်း၏ ယှဉ်ပြိုင်စွမ်းကို ထိခိုက်စေခြင်းကိုလည်း အလေးပေးဖော်ပြခဲ့သည်။

နော်ဝေပါလီမန်အား ၂၀၂၀ပြည့်နှစ်နှင့် ၂၀၂၁ခုနှစ်များတွင် ဆိုက်ဘာတိုက်ခိုက်မှုများအတွက် တရုတ်နှင့် ရုရှားတို့ကို ပြစ်တင်ဝေဖန်ခဲ့ပြီး နော်ဝေအမျိုးသားလုံခြုံရေးအာဏာပိုင်အဖွဲ့(NSM)က နော်ဝေအများပြည်သူနှင့် သက်ဆိုင်သည့်ကဏ္ဍများနှင့် ပုဂ္ဂလိကကဏ္ဍများကို ပစ်မှတ်ထားလုပ်ဆောင်နေသည့် မကြာသေးမီက ပြင်းထန်သော ဆိုက်ဘာတိုက်ခိုက်မှုများကို အလေးပေးဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly