ယူကရိန်းတွင် တရုတ်၏ စီးပွားရေးလုပ်ငန်းများနှင့် အကျိုးစီးပွားများ ကြီးထွားလာ

ယူကရိန်းတွင် တရုတ်၏ စီးပွားရေးလုပ်ငန်းများနှင့် အကျိုးစီးပွားများ ကြီးထွားလာ

ရုရှား-ယူကရိန်း ပဋိပက္ခကြားတွင် တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေး အကျိုးစီးပွားများသည် မကြာသေးမီနှစ်များအတွင်း ယူကရိန်းတွင် များပြားလာခဲ့သည်။

အချက်အလက်များအရ A-share အုပ်စုစာရင်းဝင်ကုမ္ပဏီများသည် ယူကရိန်းတွင် စီးပွားရေးလုပ်ငန်းပြုလုပ်မည့် အနေအထားများရှိသည်ကို တွေ့ရှိခဲ့သည်။

မတူညီသော စက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ တရုတ်လေအားလျှပ်စစ်ကုမ္ပဏီများသည် မကြာသေးမီ နှစ်များအတွင်း ယူကရိန်းတွင် ပိုမိုတက်ကြွစွာ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း တရုတ်လူမှုမီဒီယာ Weiboတွင် ဖော်ပြခဲ့သည်။

စိုက်ပျိုးရေး၊ စပါးနှင့် ရေနံကဏ္ဍများတွင် ကုမ္ပဏီများစွာသည် ယူကရိန်းတွင် လုပ်ငန်းခွဲများ သို့မဟုတ် ထုတ်ကုန်ရောင်းချမှုများရှိခဲ့သည်။

ထို့ပြင် Beinken Energy၊ ရှင်ကျန်းဆက်သွယ်ရေးတည်ဆောက်ရေးအုပ်စုနှင့် Weldatlantic Group ကဲ့သို့သော ရှယ်ယာစာရင်းဝင်ကုမ္ပဏီများသည် ယူကရိန်းတွင် လုပ်ငန်းလည်ပတ်မှု သို့မဟုတ် ထုတ်ကုန် ရောင်းချမှုများလည်း ရှိသည်ဟု Weiboက ဖော်ပြသည်။

မဟာဗျူဟာမြောက် တည်နေရာကြောင့် ယူကရိန်းသည် တရုတ်အတွက် အလွန်အရေးကြီးကြောင်း၊ ယူကရိန်း နှင့် ဥရောပသမဂ္ဂတို့ကြား လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်၊ ဓာတ်သတ္တုနှင့် စိုက်ပျိုးရေး အရင်းအမြစ်များ ပေါများမှုကြောင့် ဥရောပတွင် တရုတ်အတွက် တံခါးပေါက်ဖြစ်နေသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အခြေခံအဆောက်အအုံနှင့် နိုင်ငံခြားရေးမူဝါဒ စီမံကိန်းဖြစ်ပြီး ယူကရိန်းက ၂၀၁၇ခုနှစ်တွင် ပူးပေါင်းခဲ့သည့် ခါးပတ်လမ်းစီမံကိန်းတွင် ယူကရိန်းက အရေးပါအချက်အချာကျလှသည်။

သို့သော် ရုရှားနှင့် ယူကရိန်းတို့၏ အခြေအနေများ တင်းမာလာခြင်းကြောင်း အရင်းအနှီးဈေးကွက် စိုးရိမ်ထိတ်လန့်မှုများရှိနေသည်။

ယူကရိန်းတွင် ပိုဆိုးလာနေသည့် အခြေအနေနှင့် ပတ်သက်ပြီး တရုတ်က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး သက်ဆိုင်သူအားလုံးက ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန်နှင့် ကွဲလွဲမှုများကို ဆွေးနွေးအဖြေရှာရန် တရုတ်အစိုးရက တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required