ကနီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ ပြင်းထန်တိုက်ပွဲဖြစ်

ကနီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ ပြင်းထန်တိုက်ပွဲဖြစ်

မတ် ၂

စစ်ကိုင်းတိုင်း၊ ကနီမြို့ တောင်ဘက် ၁၈ မိုင် ခန့်အကွာရှိ မိုးကောင်းရွာ(ရွာဟောင်း) ဘုန်းကြီးကျောင်းနှင့် လူနေအိမ် များတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့ မတ်လ ၂ရက် နေ့လယ် ၁၂ နာရီ ခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲသည် မွန်းလွဲပိုင်းအချိန်ထိတိုင် ဖြစ်ပွါးနေဆဲဖြစ်ပြီး ဒေသခံကာကွယ်ရေး တပ်ဘက်မှ နှစ်ယောက် ထိခိုက်ကာ စစ်ကောင်စီတပ်မှ သေဆုံး ထိခိုက်မူ အခြေအနေကို အသေးစိတ် မသိရှိရသေးသည့် အကြောင်း ဒေသခံ PDFတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

“မိုးကောင်းမှာ ဒီကောင်တွေ ဝင်ပြီး တပ်စွဲတာနဲ့ ထိုးစစ်ဆင် ဝင်တိုက်နေတာဗျ။ စိုးရိမ်ရတာ ဝေဟင်ပါပဲ။ ဝေဟင်က ပုစဥ်း တွေထုချနိုင်လောက်တဲ့ လက်နက် မျိုးတွေ တအားလိုအပ်နေပါတယ်ဗျ ”ဟု ဒေသခံPDF ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲတွင် ကနီမြို့နယ်က ဒေသခံပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခြင်းဖြစ်ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွါးသည့် မိုးကောင်း ရွာသည် ဝါးစိမ်းတောင် အနီးတွင်ရှိ၍ ကနီမြို့နယ် နှင့် ယင်းမာပင်မြို့နယ်ကြားတွင် ရှိသည့် ကျေးရွာဖြစ်သည်။

#MizzimaTV

#ကနီတိုက်ပွဲ

#စစ်ကောင်စီတပ်

#PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required