ပုလောမြို့နယ်တွင် မိုင်း မတော်တဆ ပေါက်ကွဲ၍ PDF ရဲဘော် ၂ ဦး ကျဆုံး

By ကိုရွှေမြိတ်
02 March 2022
ပုလောမြို့နယ်တွင် မိုင်း မတော်တဆ ပေါက်ကွဲ၍ PDF ရဲဘော် ၂ ဦး ကျဆုံး

မတ် ၂

မြိတ်ခရိုင် ပုလောမြို့နယ်ရှိ ဒူ‌ရင်းပင်ရှောင်ရွာ အနီး၌ ယမန်နေ မွန်းလွဲပိုင်းတွင် မိုင်း မတော်တဆ ပေါက်ကွဲခဲ့ပြီး PDF ရဲဘော် နှစ်ဦး ကျဆုံးခဲ့ကြောင်း ပုလော ပြည်သူ့ ကာကွယ်ရေးတပ် (PPDF) ထံက သိရသည်။

ကျဆုံးခဲ့သည့် ရဲဘော် နှစ်ဦးမှာ ဒီးဒီးနှင့် နောက်ဖြူ ဆိုသူ နှစ်ဦး ဖြစ်ပြီး ၎င်းတို့သည် မတ်လ ၁ ရက်နေ့က ဆိုင်ကယ်ဖြင့် မိုင်းများကို သယ်လာစဉ် မတော်တဆ ပေါက်ကွဲပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ပုလော) ထံက သိရသည်။

"ရဲဘော် နှစ်ဦးက တိုက်ပွဲမှာ ကျဆုံးတာ မဟုတ်ပါဘူး။ မတော်တဆ မိုင်းပေါက်ကွဲ‌ပြီး ကျဆုံးသွားတာ ဖြစ်တယ်" ဟု PDF ရဲဘော် တစ်ဦးက ပြောသည်။

ဒီးဒီး သည် ပုလော ပြည်သူ့ ကာကွယ်ရေး တပ်မတော် Palaw People's Defence Force (PPDF) နှင့် ပုလော ဒေသ ကာကွယ်ရေး တပ်ဖွဲ့ Palaw Regional Defense Force - PRDF တို့ စစ်ကောင်စီ တပ်ဖွဲ့နှင့် ဖြစ်ပွားသည့် တိုက်ပွဲ သတင်းများကို အချိန်မှီ သတင်း ထုတ်ပြန် ရေးသားပေးနေသည့် We Are Everything လူမှုကွန်ရက် စာမျက်နှာ တာဝန်ခံ တစ်ဦးလည်း ဖြစ်သည်။

#MizzimaTV

#ပုလောPDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required