ချင်းပြည်နယ် တိုက်ပွဲတွင်  စစ်ကောင်စီတပ်မှ ၂ ဦးသေဆုံးဟု ကာကွယ်ရေးတပ်ဖွဲ့ဆို

ချင်းပြည်နယ် တိုက်ပွဲတွင်  စစ်ကောင်စီတပ်မှ ၂ ဦးသေဆုံးဟု ကာကွယ်ရေးတပ်ဖွဲ့ဆို

ဖေဖော်ဝါရီလ ၂၇ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မောချောင်းရွာနှင့် မဆာတွီရွာအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ  စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး သုံးဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)( CDF Kanpatlet )အဖွဲ့က ထုတ်ပြန်သည်။ 

ယနေ့ ဖေဖော်ဝါရီလ ၂၇ရက်တွင် ဖြစ်ပွားသည့်တိုက်ပွဲတွင် CDF Kanpatlet ဘက်မှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။ 

ယနေ့ညပိုင်းတွင်လည်း စစ်ကောင်စီတပ်များသည် မဆာတွီကျေးရွာ၌ ညအိပ်နိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် ကျင်ဒွေးနှင့် လောင်းရှည် လမ်းမကြီးအား အသုံးပြု သွားလာခြင်း မပြုလုပ်ကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သေးသည့်အတွက် မလိုအပ်သည့် စစ်ရေးသတင်း များအား လူမှုသတင်းမီဒီယာများတွင် ဖြန့်ဝေခြင်းမပြုကြရန်တိုက်တွန်းကြောင်း ကြေညာချက်တွင်ရေးသားထားသည်။ 

ဇန်နဝါရီ ၃၁ရက်နေ့ကလည်း ကန်ပက်လက်မြို့ရှိ ရန်အောင်စေတီ၊ မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များအား ဝင်ရောက်တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး  ပြည်သူ့ကာကွယ်ရေး တပ်ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း CDF Kanpetlet ထံမှ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required