ဖေဖော်ဝါရီ ၂၆
အိန္ဒိယ-မြန်မာ နယ်စပ် ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ တစ်ဖက်ကမ်း အိန္ဒိယဘက်ခြမ်း၌ ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်းမှ စတင်ပြီး အာသံရိုင်ဖယ်တပ်များ လုံခြုံရေး စတင် ချထားကြောင်း ဒေသတွင်း သတင်းမီဒီယာများတွင် ရေးသား ဖော်ပြထားသည်။
ရိဒ်ခေါ်ဒါရ် တပ်ကုန်း၌ စစ်ကောင်စီအင်အား ၇၀ ခန့် လက်ရှိ တပ်စွဲထားပြီး နယ်မြေ ရှင်းလင်းခြင်း ၊ စစ်ကြောင်း ထွက်ခြင်းများ မရှိသလောက်ဖြစ်ကာ ရေခပ် ထွက်သည့် အခါများတွင်လည်း လုံခြုံရေး အပြည့်ဖြင့် ခပ်လေ့ရှိကြောင်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက် ညပိုင်းမှ စတင်ပြီး အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ တပ်ကုန်းမှ လက်နက်ကြီးများ ပစ်ဖောက်ခြင်းကြောင့် ဒေသခံ ပြည်သူများ တစ်ဖက်နိုင်ငံ မီဇိုရမ်ပြည်နယ်ထဲသို့ ညတွင်းချင်း ထွက်ပြေး တိမ်းရှောင် ကြရသည် ဟုလည်း ဒေသခံများထံက သိရသည်။