ပုသိမ်မြို့တွင် စစ်ကောင်စီကို ဝေဖန်ရေးသားဟုဆိုကာ ကျောင်းဆရာမ ဖမ်းဆီးခံရ

ပုသိမ်မြို့တွင် စစ်ကောင်စီကို ဝေဖန်ရေးသားဟုဆိုကာ ကျောင်းဆရာမ ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၆

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၌ လူမှုကွန်ရက်ပေါ်တွင် စစ်ကောင်စီကို ဝေဖန်ရေးသားသည်ဟု ဆိုကာ မူလတန်းပြ ဆရာမ ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၅ ရက်တွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဆရာမ ဒေါ်ဆုဝတ်ရည်နှင်း သည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် CDM လုပ်ခဲ့သော်လည်း မိသားစု စားဝတ်နေရေးကြောင့် Non-CDM အဖြစ် အလုပ်ပြန်ဝင်နေသူ ဖြစ်ပြီး စစ်ကောင်စီက အမှတ် (၄) ရပ်ကွက် ၊ ပြည်တောင်သာလမ်းရှိ နေအိမ်တွင် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဆိုသည်။

“မနေ့ညထဲက သူ့အကောင့်ကို ဟန်ငြိမ်းဦး တယ်လီဂရမ်မှာ တင်ထားတာ တွေ့တယ်၊ သူတို့ကို မကောင်းကြောင်း ရေးနေတယ် ဆိုပြီးတော့၊ အဲ့အချိန်ထဲက ရှောင်နေဖို့ ပြောတာကို ရှောင်ချိန် မရလိုက်ဘဲ အဖမ်းခံ လိုက်ရတာ၊ လာဖမ်းတာ ၂၀ ကျော်နဲ့ ဝင်စီးတာ၊ သူတို့ စောင့်ကြည့်နေတာ ကြာပြီလို့ ပြောတယ်၊ ကောင်မလေးရဲ့ ဖုန်းကိုလည်း သိမ်းသွားတယ်” ဟု ဆရာမ ဒေါ်ဆုဝတ်ရည်နှင်း မိသားစုနှင့် နီးစပ်သူ ကပြောသည်။

စစ်ကောင်စီတပ်သည် ၎င်းကို ဖမ်းဆီးပြီးနောက် တောင်ပေါ် စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားရာ လက်ရှိ အချိန်အထိ မိသားစုနှင့် အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly