ဖေဖော်ဝါရီ ၂၅
ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေး တပ် (PDF) နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့ကို ထောက်ခံခြင်းနှင့် စစ်အာဏာရှင် စနစ် အမြစ်ဖြတ် ချေမှုန်းရေး ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ချီတက် ဆန္ဒပြ သပိတ်မှောက် ကြသည်။
ဆန္ဒပြ ပြည်သူများက ‘’ KIA ၊ PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ “ ၊ ‘’တိုင်းရင်းသားတပ်တွေ တိုက်ပွဲတိုင်းမှာ နိုင်ပါစေ” ၊ ‘’NUG အစိုးရ ဒို့အစိုးရ” ၊ ‘’ အကြမ်းဖက် စစ်တပ် လုံးဝ အုပ်ချုပ်ခွင့် မရစေရ” ၊ ‘’ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင် အဖွဲ့ အသေဆိုး နဲ့ သေပါစေ’’၊ ‘’စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ဒို့အရေး” ၊ ‘’ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး” ၊ ‘’ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး” ၊ “နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရမည်” စသည့် ကြွေးကြော်သံများဖြင့် ချီတက် ကြသည်။