“ကျေးလက်ပုန်ကန် မြို့ပြဖီဆန်”ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၃၅၂ ရက်နေ့အဖြစ်ချီတက်ဆန္ဒပြ

“ကျေးလက်ပုန်ကန် မြို့ပြဖီဆန်”ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၃၅၂ ရက်နေ့အဖြစ်ချီတက်ဆန္ဒပြ

ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း နှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်း ရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၃၅၂ ရက်မြောက်အဖြစ် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ချီတက်ဆန္ဒပြကြသည်။

နယ်မြေအတွင်း စစ်ကောင်စီတပ်များ တင်းကျပ်စွာကင်းပတ်နေသည့်ကြားမှ “ကျေးလက်ပုန်ကန် မြို့ပြဖီဆန်” ဆိုသည့် စာတမ်းအားကိုင်စွဲပြီး ကြွေးကြော်သံ များဖြင့်ချီတက်ခဲ့ကြသည်။ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် မတ်လ ၉ ရက်နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

#ရွာပေါင်းစုံသပိတ်စစ်ကြောင်း

#ယင်းမာပင်မြို့နယ်

#ဆားလင်းကြီးမြို့နယ်

#စစ်အာဏာရှင်ဆန့်ကျင်ရေး

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly