၂၀၂၂ နှစ်စပိုင်းနောက်ပိုင်း အာဖဂန်နစ္စတန် ခွန်ဒုဇ်ပြည်နယ်တွင် အာဟာရ ချို့တဲ့မှုကြောင့် ကလေးငယ် တစ်ဒါဇင်နီးပါး သေဆုံး

၂၀၂၂ နှစ်စပိုင်းနောက်ပိုင်း အာဖဂန်နစ္စတန် ခွန်ဒုဇ်ပြည်နယ်တွင် အာဟာရ ချို့တဲ့မှုကြောင့် ကလေးငယ် တစ်ဒါဇင်နီးပါး သေဆုံး

၂၀၂၂ နှစ်စပိုင်းနောက်ပိုင်း အာဖဂန်နစ္စတန်၏ မြောက်ပိုင်း ခွန်ဒုဇ်ပြည်နယ်တွင် ကလေးငယ် တစ်ဒါဇင်နီးပါးခန့် အာဟာရ ချို့တဲ့မှုကြောင့် သေဆုံးခဲ့ရကြောင်း အများပြည်သူကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားလျက် Pajhwok Afghan News က ဖေဖေါ်ဝါရီ ၁၄ ရက်တွင် ဖော်ပြသည်။

ယခုနှစ်အတွင်း အာဟာရချို့တဲ့သည့် ကလေးငယ် ၄၃၈ ဦးကို ဆေးရုံတက်ခွင့်ပြုထားခဲ့သည်ဟု ခွန်ဒုဇ်ပြည်နယ် ပြည်သူ့ဆေးရုံ၏ အာဟာရဌာနမှ အကြီးအကဲ ဟာမာယွန်း ဆာဖီက ပြောကြားကြောင်း အဆိုပါ သတင်းတွင် ပါရှိသည်။

အလျင်အမြန်ဆောင်ရွက်မဖြေရှင်းပါက အာဖဂန်ကလေးငယ် ၁ သန်းခန့်သည် ပြင်းထန်သည့် အာဟာရချို့တဲ့မှုကို ခံစားရပြီး သေဆုံးရနိုင်သည်ဟု အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကလည်း အစောပိုင်းက သတိပေးခဲ့သည်။

“အရေးတကြီး လုပ်ဆောင်ချက်တွေ သေသေချာချာ မလုပ်ဆောင်ဘူးဆိုရင်တော့ အာဖဂန်ကလေးငယ် ၁ သန်း လောက်ဟာ ပြင်းထန်တဲ့ အာဟာရချို့တဲ့မှုကြောင့် သေဆုံးရနိုင်ပါတယ်။ လက်ရှိမှာ ယူနီဆက်ဖ်အနေနဲ့ကတော့ ကလေးငယ်တွေရဲ့ ကျန်းမာရေး ပြန်ကောင်းလာအောင် ထောက်ကူပံ့ပိုးနိုင်ဖို့အတွက် စွမ်းအင်အများအပြား ရရှိစေတဲ့ မြေပဲအနှစ်ထုပ်တွေ ထောက်ပံ့ပေးနေပါတယ်” ဟု အာဖဂန်နစ္စတန်ရှိ ယူနီဆက်ဖ်အဖွဲ့က တွစ်တာတွင် ရေးခဲ့သည်။

အာဟာရချို့တဲ့ဝေဒနာခံစားရသူ ကလေးဦးရေ မြင့်တက်နေသော်လည်း အာဖဂန်နစ္စတန်တွင် အာဟာရချို့တဲ့မှုဆိုင်ရာ စောင့်ရှောက်ပြုစုမှုစင်တာများ ဖွင့်လှစ်လည်ပတ်နေခြင်း မရှိဟု အများပြည်သူ ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့ကြောင်း Tolo News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly