စစ်ကောင်စီတပ် ကာမိုင်း စစ်ဆေးရေးဂိတ်ကို KIA ပူးပေါင်းတပ်ဖွဲ့ ဝင်တိုက်

စစ်ကောင်စီတပ် ကာမိုင်း စစ်ဆေးရေးဂိတ်ကို KIA ပူးပေါင်းတပ်ဖွဲ့ ဝင်တိုက်

ဖေဖော်ဝါရီ ၂၄

ကချင်ပြည်နယ်၊ ဖားကန့် လမ်းပိုင်း၊ KIA တပ်မဟာ (၉) တပ်ရင်း (၄၄) နယ်မြေရှိ စစ်ကောင်စီတပ်၏ ကာမိုင်း စစ်ဆေးရေးဂိတ်ကို ယနေ့ ဖေဖော်ဝါရီ ၂၄ ရက် မနက် ၆ နာရီခန့်က KIA နှင့် PDF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် မနက် ၆ နာရီမှ ၆ နာရီ ၅၀ အထိ ကြာမြင့်ကာ အနည်းဆုံး စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံး ပြီး စစ်ဆေးရေးဂိတ် အနီးရှိ အသက် ၄၀ ခန့်အရွယ် မောင်ဦး ဆိုသူ ပြည်သူ တစ်ဦးလည်း သေဆုံးကာ စစစ်ကောင်စီ တပ်ဖွဲ့ အသုံးပြုသည့် သေနတ် ငါးလက် သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံရသော ကာမိုင်း စစ်ဆေးရေးဂိတ်သို့ စစ်ကူလာသည့် ကာမိုင်း ဗျူဟာကုန်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လမ်းတွင် KIA၊ PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ အထိအခိုက် များနိုင်ကြောင်း သိရသည်။

ယနေ့ မနက် အစောပိုင်းက သေနတ်သံ၊ ဗုံးသံများ ဆူညံနေသောကြောင့် ထိတ်လန့်ကာ ဗုံးခိုကျင်းထဲဆင်း ပုန်းနေရကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။

တိုက်ခိုက် ခံရပြီးနောက် စစ်ကောင်စီတပ်က မနက် ၁၁ နာရီအထိ အဆိုပါဂိတ် ဖြတ်သန်းခွင့် ပိတ်ထား သောကြောင့် ခရီးသွား ပြည်သူများ လမ်းတွင် ပိတ်မိနေကြောင်း သိရသည်။

ကာမိုင်း စစ်ဆေးရေးဂိတ်သည် ဖားကန့် လမ်းပိုင်းတွင် အစစ်အဆေးကြမ်းပြီး ခရီးသွား ပြည်သူများထံမှ ငွေအတောင်းကြမ်းသည့် ဂိတ်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly