ကိုဗစ်ကြောင့် တရုတ်ကားရောင်းအား ကျဆင်းသွား

ကိုဗစ်ကြောင့် တရုတ်ကားရောင်းအား ကျဆင်းသွား

ကိုဗစ်ကာကွယ်ရေး အစီအမံများကြောင့် စက်ရုံများ ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရသလို အရေးပါသော နှစ်သစ်ကူး အားလပ်ရက် မတိုင်မီတွင် ကားထုတ်လုပ်သူများ ခေတ္တရပ်နားမှုကြောင့် တရုတ်နိုင်ငံတွင် ခရီးသည်တင် မော်တော်ယာဉ်များ ရောင်းချမှုသည် ဇန်နဝါရီလက ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်း သွားခဲ့သည်။

ဇန်နဝါရီလတွင် စုစုပေါင်း ကားရောင်းအားသည် အစီးရေ ၂ ဒသမ ၁ သန်းသာရှိခဲ့ကြောင်း တရုတ်ခရီးသည်တင်ကားအဖွဲ့မှ ဖေဖော်ဝါရီလ ၁၄ရက်က ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။

သို့သော် စွမ်းအင်သစ်သုံးကားများ ထုတ်လုပ်မှုတွင် အစီးရေ ၃၄၇,ဝဝဝ အထိရှိလာကာ ၂ ဆကျော် တိုးလာသည်။

ရှန်ဟိုင်းမြို့တွင် စက်ရုံတစ်ခုဖွင့်လှစ်ထားသော အမေရိကန်လျှပ်စစ်ကားရှေ့ဆောင် Tesla Inc. ကုမ္ပဏီသည် ဖေဖော်ဝါရီလအတွင်း နံပါတ် ၁ ကားရောင်းချသူဖြစ်ခဲ့ပြီး ပြည်ပသို့ တင်ပို့သည် ၄၀,၄၉၉ စီးအပါအဝင် ကားအစီးရေ ၅၉,၈၄၅ စီး ရောင်းချခဲ့သည်။

တရုတ်မော်တော်ယာဉ်စက်ရုံအများအပြားသည် ဇန်နဝါရီ ၃၁ ရက်တွင် စတင်သည့် နွေဦးပွဲတော်မတိုင်မီ ဇန်နဝါရီနှောင်းပိုင်းတွင် ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့သဖြင့် လစဉ်ထုတ်လုပ်မှုပမာဏ ၁၅ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့ကြောင်း ကုန်သွယ်ရေးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ချူဒုန်စုက ပြောကြားခဲ့သည်။

ထန်ကျင်းမြို့အပါအဝင် မြို့များတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုများကြောင့် Toyota Motor Corp အပါအဝင် ကုမ္ပဏီများသည် ထုတ်လုပ်မှုကို ဆိုင်းငံ့ထားခဲ့သည်။

ပျမ်းမျှအားဖြင့် တရုတ်ရှိ ဂျပန်ကားထုတ်လုပ်သူ၏ စုစုပေါင်းဈေးကွက်ဝေစုသည် ရလဒ်အနေဖြင့် ၂ ဒသမ ၂ ရာခိုင်နှုန်းမှ ၁၉ ဒသမ ၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်ဟု PCA မှ ပြောကြားခဲ့သည်။

Toyota သည် ၂၀၂၁ခုနှစ်တွင် ကားအစီးရေ ၁၀ ဒသမ ၅ သန်းကို ရောင်းချရသဖြင့် ကမ္ဘာတွင် နံပါတ်တစ် ကားထုတ်လုပ်သည့် လုပ်ငန်းဖြစ်လာသည်။

ယေဘုယျအားဖြင့် မော်တော်ယာဉ်ဝယ်လိုအား မြင့်တက်စေရန် အသင်းက ဓာတ်ဆီသုံး ကားများ သာမက လျှပ်စစ်ကားများပါ အရောင်းမြှင့်တင်ရန် တောင်းဆိုခဲ့ပြီး တွင်းထွက်လောင်စာကားများကို ယွမ် ၈၀ ဝ၀ဝ အောက်ဈေးဖြင့် ရောင်းချပေးသည့်အတွက် ပြည်တွင်း သုံးစွဲသူ အများအပြားက ပိုမိုဝယ်နိုင်လာကြောင်း အထွေထွေအတွင်းရေးမှူး ချူဒုန်စုက သုံးသပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly