မန္တလေး ရတနာပုံ တက္ကသိုလ်၌ စစ်ကောင်စီတပ် ဗုံးခွဲခံရပြီး ၁ ဦး သေဆုံး 

မန္တလေး ရတနာပုံ တက္ကသိုလ်၌ စစ်ကောင်စီတပ် ဗုံးခွဲခံရပြီး ၁ ဦး သေဆုံး 

ဖေဖော်ဝါရီလ ၂၁ ရက်

မန္တလေး ရတနာပုံ တက္ကသိုလ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့ ညနေပိုင်းတွင် ဗုံးခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးကြောင်း Guerilla Force of Mandalay (GRA) က ထုတ်ပြန်သည်။ 

မန္တလေးအခြေစိုက် မြို့ပြပြောက်ကျား တပ်ဖွဲ့များဖြစ်သည့် Guerilla Force of Mandalay (GRA) နှင့် Eagle Brothers People’s Defence Force MDY တို့ ပူးပေါင်း၍ ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်တွင် ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

“ကျောင်းအဝင်ပေါက် တပ်စွဲထားတဲ့ စစ်သားအဖွဲ့နား ဗုံးထကွဲတာ။ ဒီတစ်ခါလည်း စစ်သား တစ်ယောက် ဗုံးထိပြီး သေပြန်တယ်။ ဒဏ်ရာရတာလည်း ရှိတယ်လို့ ကြားပေမယ့် မသေချာဘူး။ ဆေးရုံကား နှစ်စီး ရောက်လာတာတော့ တွေ့လိုက်ရတယ်” ဟု အမရပူရ ဒေသခံ တစ်ဦးက ပြောသည်။ 

မန္တလေး ရတနာပုံတက္ကသိုလ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြီးခဲ့သည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကလည်း Dragon Warrior အဖွဲ့နှင့် Yadanarbon Phoenix Guerilla Force အဖွဲ့တို့ ပူးပေါင်းပြီး ဗုံးဖြင့် တိုက်ခိုက်ခဲ့သေးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required