လော့စ်အိန်ဂျလိမြို့တွင် 'နွေဦးတော်လှန်ရေး ၂၂၂၂၂’ အထိမ်းအမှတ်ပွဲ ကျင်းပ

လော့စ်အိန်ဂျလိမြို့တွင် 'နွေဦးတော်လှန်ရေး ၂၂၂၂၂’ အထိမ်းအမှတ်ပွဲ ကျင်းပ

ဖေဖော်ဝါရီ ၂၁

'နွေဦးတော်လှန်ရေး ၂၂၂၂၂' အထိမ်းအမှတ်ပွဲကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့တွင် ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပခဲ့သည်။

အခမ်းအနားသို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUCC မှ ကိုမင်းကိုနိုင်၊ ကိုတေဇာဆန်း၊ YDF၊ မန်းဂျော်နီအစရှိသူတို့၏ ပေးပို့သည့် ဗီဒီယို မက်ဆေ့ချ်များကို LA ရှိ မြန်မာအသိုင်းအဝိုင်းအတွက် ဖွင့်ပြခဲ့ကြောင်း ပွဲကျင်းပသူတစ်ဦးက ပြောကြားသည်။

လူဦးရေ ၁၅၀ ခန့် ပါဝင်တက်ရောက်ခဲ့သည့် အဆိုပါပွဲကို LA ရှိ တက်ကြွလှုပ်ရှားသူ မြန်မာအသိုင်းအဝိုင်းက စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ရာသီဥတုအလွန်အေးသောကြောင့် အမိုးများအောက်တွင် ပြုလုပ်ခဲ့ရပြီး ရန်ပုံငွေအတွက် အမှတ်တရပစ္စည်းများ ရောင်းချပေးခဲ့သလို တက်ရောက်သူများကို အကျွေးအမွေးများဖြင့်လည်း ဧည့်ခံခဲ့သည်။

#လော့စ်အိန်ဂျလိ

#နွေဦးတော်လှန်ရေး

#၂၂၂၂၂

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly