တောင်ကိုရီးယားတွင် ၁၆ ရက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကူးစက်မြန် အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါ လက္ခဏာစု(မားစ်) ကူးစက်မှုအသစ် မရှိကြောင်း တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ သည်။
ရောဂါကူးစက်မှုနှုန်းမှာ လျော့ကျသွားဟန်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၁၉က ထုတ်ပြန်ခဲ့သေးသည်။
ထို့အပြင် နောက်ထပ်သေဆုံးမှုလည်း မရှိကြောင်း ယင်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။ မားစ်ကြောင့် သေဆုံးသူ စုစုပေါင်းမှာ ၂၄ ဦးအထိ ရှိနေပြီဖြစ်သည်။ ကူးစက်ခံရသူ အရေအတွက်မှာ ၁၆၆ ဦးအထိရှိပြီး ဆော်ဒီအာရေးဘီးယားပြင်ပတွင် အများဆုံး ကူးစက်ခံရခြင်း ဖြစ်သည်။ တောင်ကိုရီးယားတွင် ဆေးရုံများမှတစ်ဆင့် အဓိကကူးစက်ခြင်းဖြစ်သည်ဟု ဆိုသည်။