ဒါကာ၊ ဇွန် ၈။ ။ ရွှေ့ပြောင်းအခြေချ အကျပ်အတည်းကို တိုက်ပွဲဝင်နေစဉ် လူကုန်ကူးမှုတွင် ပါဝင်ပတ်သက် နေသည့် ဘင်ဂါလီ လူမျိုးတစ်ယောက်ကို ပစ်သတ်ခံခဲ့ရသည်ဟု ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ အသက် ၃၀ အရွယ် ရိုဟင်ဂျာအမျိုးသားမှာ နံနက်စောစောပိုင်းက ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နယ်စပ်အနီး တက်နက် တွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူူးသော အုပ်စုနှစ်စုကြား အပြန်အလှန် ပစ်ခတ်မှုတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ရဲကပြော ကြားခဲ့သည်။
ထိုနယ်မြေမှာ မှတ်ပုံတင်ထား သည့် ဘင်ဂါလီ ဒုက္ခသည်များ စခန်းနှစ်ခုတွင် ခိုလှုံနေရာဖြစ်ပြီး မှတ်တမ်းမဝင်သည့် ဒုက္ခသည် ၂၀၀,၀၀၀ မှ ၃၀၀,၀၀၀ ကြားမှာလည်း ထိုနယ်မြေထဲတွင်ပင် နေထိုင်နေကြသည်။
သေဆုံးသူ တရားခံ၏ အမည်မှာ အာမာနူလာဖြစ်ပြီး၊ လူကုန်ကူးမှု သုံးမှုဖြင့် တရားစွဲဆို ခံထားရကာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြုစုထားသည့် လူမှောင်ခိုသမားများ စာရင်းတွင် လည်း ပါဝင်သူဖြစ်သည်ဟု ဒေသရဲချုပ် အတော ရာမန်က အေ အက်ဖ်ပီကို ပြောကြားသည်။
သို့ရာတွင် နာယာပါရာ ဒုက္ခသည်စခန်းမှ ဘင်ဂါလီ အသိုင်းအဝိုင်း ခေါင်းဆောင်တစ်ယောက် ကမူ စခန်းတွင် ခိုလှုံနေသူ တစ်ဦးဖြစ်သည့် အာမာ နူလာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားစဉ် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ပြောကြာသည်။
‘‘ရဲက သူ့ကို တနင်္ဂနွေနေ့ ညနေ ၄ နာရီလောက်မှာ ဖမ်းဆီးသွားခဲ့ပြီး ဒီမနက်မှာပဲ လမ်းမတစ်ခုအနီးမှာ သွေးအေးအေးနဲ့ ပစ်သတ်ခဲ့တယ်’’ဟု ထိုခေါင်းဆောင်က အမည်မဖော်ဘဲ ပြောကြားခဲ့သည်။