အန်ကာရာ၊ ဧပြီ ၈ ။ ။ တူရကီနိုင်ငံက ရွေးကောက်ပွဲမဲများ ရေတွက်မှု အပြည့်အဝနီးပါး ပြီးစီးခါနီးတွင် ရလဒ်များက ဖော်ပြနေသည်မှာ အစိုးရ အာဏာရပါတီ အေကေ၏ မဲရလဒ်များသည် အံ့အားသင့်စရာပင်ဖြစ်အောင် ဆယ့်သုံးနှစ်အတွင်း ပထမဆုံးအဖြစ် နေရာအများစု မဲမရဘဲ ဆုံးရှုံးခဲ့သည်ကို ဖော်ပြသည်။
အဆိုပါ အံ့သြစရာဖြစ်နေသည့် မဲရလဒ်အရလည်း အတိုက်အခံ ကာဒစ်ရှ်အိတ်ချ်ဒီပီပါတီက ပထမဆုံးအဖြစ် ဆယ်ရာခိုင်နှုန်း မဲရထားကြောင်း တွေ့ရသည်။
၉၉ ရာခိုင်နှုန်း မဲရေတွက်ပြီးစီးပြီးဖြစ်သည့် ယခုရလဒ်တွင် အေကေပီပါတီက မဲ ၄၁ ရာခိုင်နှုန်းသာ ရရှိကြောင်း နိုင်ငံပိုင် သတင်း ဌာန တီအာတီ ရုပ်မြင်သံကြားတွင် သတင်းထုတ်လွှင့် ခဲ့သည်။
သမ္မတ ရီဆက်တေယစ်အာဒိုဂန်က အာဏာ ဆက်လက်မြှင့်တင်ထားရေး စီမံဆောင်ရွက်သည့် ကြားက ယခုကဲ့သို့ မဲရလဒ် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
သမ္မတ အာဒိုဂန်သည် ၂၀၀၃ ခုနှစ်က ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး တူရကီကို ပြည်သူ့သမ္မတနိုင်ငံ အဖြစ် အသွင်ကူးပြောင်းရေးအတွက် သုံးပုံ နှစ်ပုံ မဲရရှိရေးအတွက် လုံးပန်းနေခဲ့ခြင်း ဖြစ်သည်။