ဘင်္ဂါလီဒုက္ခသည်များအတွက် နေရာချထားပေးဖို့ရှိတဲ့ ဘာရှန် ချားကျွန်း

ဒါကာမြို့အခြေစိုက် ဗိသုကာနဲ့ အင်ဂျင်နီယာကုမ္ပဏီ Mukta Dinwiddie MacLaren မှ ဗိသုကာပညာရှင်များက ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်က ရိုက်ကူးထားခဲ့ပြီး အောက်တိုဘာလ ၂၁ ရက်နေ့မှာ ဖော်ပြခဲ့တဲ့ ဒီဓာတ်ပုံတွေထဲမှာ ဘင်္ဂလားပင်အော်ရှိ ဘာရှန် ချားကျွန်းပေါ်မှာ ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာဟု ဖော်ပြ) ဒုက္ခသည်အသိုင်းအဝိုင်းကို နေရာချထားပေးဖို့ ရည်ရွယ်တဲ့ အဆောက်အအုံများကို တွေ့ရပါတယ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ) ထောင်ပေါင်းများစွာသော ဘင်္ဂါလီ ဒုက္ခသည်များအနေနဲ့ အဆိုပါကျွန်းပေါ်ရှိ နေရာသစ်ဆီ ပြောင်းရွှေ့နေထိုင်ဖို့ အသင့်ဖြစ်နေပြီဆိုတဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေရဲ့ ပြောကြားချက်အပေါ် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့တစ်ခုက သံသယရှိကြောင်း အောက်တိုဘာ ၂၅ ရက်မှာ ထုတ်ဖော်ပါတယ်။ ဝေဖန်သူတွေရဲ့ အဆိုအရ အဆိုပါကျွန်းဟာ သဘာဝဘေးအန္တရာယ်များနဲ့ ကြုံရလေ့ရှိတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဆိုနေကြပါတယ်။