ဇန်နဝါရီလ ၂၃ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာ များစုပေါင်း၍ စစ်အာဏာရှင်ကပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြချီတက် ခြင်းကို ယနေ့ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပြုလုပ်ကြခဲ့သည်။
လူထုသပိတ်စစ်ကြောင်းသည် “တရားမဝင် အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” စာတမ်းကို ဆွဲကိုင်၍ ကျေးရွာပေါင်းစုံ လူထုသပိတ်၏ ရက်ပေါင်း ၆၈၃ ရက်မြောက်အဖြစ် ချီတက်ခဲ့ကြခြင်း ဖြစ်သည်။
ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ