အောက်တိုဘာလ ၁၅ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲ ကျင်းပကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “ကျောင်းသားဟေ့ ကျောင်းသား ဖိရင်ကြွမယ် ထိရင်ချမယ်” စာတန်းများကိုင်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြကာ ကျဆုံးသွားခဲ့သည့် အာဇာနည်အပေါင်းအား ဦးညွှတ်အလေးပြုခဲ့ကြသည်။
ယနေ့ အောက်တိုဘာလ ၁၅ရက်တွင် ပြုလုပ်ကြသော ဆန္ဒပြပွဲသည် ရွာပေါင်းစုံသပိတ် စစ်ကြောင်း၏ ၅၈၃ ရက်မြောက်နေ့ဖြစ်ကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)