ဩဂုတ် ၁
မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ ပုံမှန်ထက် မိုးကောင်းနေပြီး ကချင်ပြည်နယ်နှင့် နေပြည်တော်အပါအဝင် ဒေသ ခုနှစ်ခုတွင် မိုးကြီးနိုင်ကြောင်း မိုးဇလဌာနက သတိပေးထားသည်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ယခုရက်ပိုင်း နေရာကွက်ကြား မိုးကြီးပြီးနောက် ဗန်းမော် - မန္တလေးလမ်းပိုင်း နေရာအချို့၌ ရေကျော်နေသည်။
ထိုအခြေအနေတွင် အထက်ပါဒေသနှစ်ခုအပြင် နေပြည်တော်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသ်ာရီတိုင်းဒေသကြီးတို့တွင် မိုးကြီးနိုင်ကြောင်း မိုးဇလက ယနေ့ ဩဂုတ်လ ၁ရက် ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်းတွင် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသ်ာရီတိုင်းဒေသကြီးတို့၌ မိုးကြီးခဲ့ပြီး ဒေသခံများ ရေဘေးကြုံတွေ့ခဲ့သည်။