ကယားပြည်နယ် မဲဆန္ဒနယ်အများစုတွင် NLD ပါတီက ဦးဆောင်နေ

ကယားပြည်နယ် မဲဆန္ဒနယ်အများစုတွင် NLD ပါတီက ဦးဆောင်နေ
ဓာတ်ပုံ - ကိုဇာနည်

နိုဝင်ဘာ ၉ ၊ ၂၀၂၀

ကယားပြည်နယ်အတွင်း လွှတ်တော် ၃ ရပ်အတွက် မဲဆန္ဒနယ် ၃၄ နေရာအနက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက (၈)နေရာ၊ USDP က (၆)နေရာ၊ NLD က နေရာ(၂၀) အနိုင်ရထားတယ်လို့ ကနဦးသတင်းရရှိထားပါတယ်။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ကဖရူဆိုမြို့နယ်တွင် အပြတ်အသတ်အနိုင်ရထားပြီး ရှားတော မြိုနယ်မှာလည်း (၃)နေရာအနိုင်ရတယ်လို့သိရပါတယ်။

ဓာတ်ပုံ - ကိုဇာနည်

ဒီမော့ဆို၊ မယ်စဲ့၊ လွိုင်ကော်မြို့နယ် တွေမှာတော့ ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီ (၂)ခုဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်ပါတီ နှင့် ကယန်းအမျိုးသားပါတီတွေက အရေးနိမ့်ခဲ့ပြီး NLD ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက အနိုင်ရရှိကြောင်း သိရပါတယ်။

“ မဲရုံတွေကို ရေတွက်ပြီးပြီ။ ရေတွက်ပြီးတဲ့အချိန်မှာတော့ နိုင်မယ့် အနေအထားမျိုးတော့ ရှိတာပေါ့လေ။ ဒါပေမယ့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲကနေ အတည်ပြုလို့မရသေးဘူးပေါ့။ အဲဒီလိုမျိုးလေး တော့ သိထားတယ်” လို့ လွိုင်ကော်မြို့နယ် မဲန္ဒနယ် အမှတ် ၂ က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဖြူက ပြောပါတယ်။

ဓာတ်ပုံ - ကိုဇာနည်

ဦးခင်မောင်ဖြူဟာ လက်ရှိ ပြည်နယ်အစိုးရရဲ့ လျှပ်စစ် စွမ်းအင်ဝန်ကြီး လည်းဖြစ်ပါတယ်။

KySDP ပါတီက လွှတ်တော်ကိုယ်စားလှယ် လောင်းတွေဖြစ်တဲ့ ပြည်နယ်လွှတ်တော် ရှားတော မဲဆန္ဒနယ် အမှတ် ၁က ခူးမိုင်ကယ် ဘိုးရယ်၊ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်က မော်မိုးမြာ နှင့် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်မှာ ခူးညေး ရယ်တို့က အနိုင်ရရှိထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly