Misinformation Busters ( Episode 26 ) Segement 2
လွန်ခဲ့တဲ့ ၃လ လောက်က လူမှုကွန်ရက် မီဒီယာတစ်ခုဖြစ်တဲ့ ဖေ့စ်ဘုတ်မှာ Radio Free Myanmar ဆိုတဲ့ နာမည်နဲ့ ပါရှိတဲ့ သတင်းအကြောင်းအရာပါတဲ့ပုံတွေကို အခြားသောအကောင့်ပိုင်ရှင်တွေကို ပြန်လည်ဖြန့်ဝေ နေတာ သိကြမှာပါ။
အဆိုပါနာမည်နဲ့ ဖော်ပြခဲ့တဲ့ သတင်းတွေဟာလည်း များသောအားဖြင့် သတင်းအမှားတွေဖြစ်နေပါတယ်။
အဲ့ဒီအချိန်တွေတုန်းက Radio Free Myanmarနဲ့ ပတ်သက်ပြီး Mizzima ရဲ့ Fact Check Teamအနေနဲ့ ဒီနာမည်နဲ့ ဖေ့စ်ဘုတ်မှာ Page ဒါမှမဟုတ် Group ရှိမရှိ စစ်ဆေးကြည့်ခဲ့ပေမယ့် မတွေ့ရဘဲ အချို့အကောင့်တွေ က ဒီနာမည်နဲ့ပါတဲ့ သတင်းတွေကို မျှဝေနေတာကို သတိထားမိပါတယ်။ ဆုမြတ်မေဇော်က တင်ဆက်ပေးမှာပါ