စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ မြန်မာနိုင်ငံက သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်ဆုံးရှုံးနေ ပြီး ခြိမ်းခြောက်မှုမျိုးစုံကိုခံစားနေရတယ်လို့ နိုင်ငံတကာသံရုံးတွေနဲ့ အဖွဲ့အစည်းတွေက ဒီကနေ့မှာ ကျ ရောက်တဲ့ “သတင်းသမားများအပေါ် ကျူးလွန်သောပြစ်မှုများအတွက် လွတ်ငြိမ်းချမ်းသာခွင့် ရပ်စဲရေး နိုင်ငံတကာနေ့” မှာ အသိပေးထုတ်ပြန်ကြပါတယ်။
၂၀၂၁ ခုနှစ် စစ်အာသိမ်းပြီးနောက်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်က သတင်း မီဒီယာတွေကို ပိတ်သိမ်းဖို့ကြိုးစားတာတွေနဲ့ သတင်းသမားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကို ပြုလုပ် ပါတယ်။
လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက ကောက်ခံထားတဲ့စာရင်းတွေအရ လက်ရှိအကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမားစုစုပေါင်း ၄၉ ဦးထိ ရှိနေပါတယ်။ ဒီလို သတင်းသမားတွေကို ဖမ်းတာ အပြင် သတင်းတိုက်တွေကို လိုင်စင်ဖျက်သိမ်းတာမျိုးတွေပြုလုပ်ထားပြီး အရေအတွက်အားဖြင့် ၂၉ ခု အထိရှိနေပါတယ်။
သတင်းသမားတွေနဲ့ သတင်းဌာနတွေအတွက် လုံခြုံရေးဖိအားတွေကြောင့် သတင်းတိုက်အတော်တော် များက ပြည်တွင်းကထွက်ခွာပြီး ပြည်ပမှာအခြေစိုက် သတင်းရေးသားထုတ်လုပ်မှုတွေကို ဆက်လုပ်နေ ကြရပါတယ်။