နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၉ အောက်တိုဘာ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၉ အောက်တိုဘာ၂၀၂၃) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်၊ကျောက်တံခါးကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာတွင် နေထိုင်သည့် အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေ အကြမ်းဖက် စစ်သင်တန်းဆင်း ပျူစောထီး‌ ခေါင်းဆောင် ၁ ဦးကို ပေါင်းတည်မြို့နယ် ပကဖ မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း (BAGO Region PDF) ပဲခူးတိုင်းစစ်ဒေသခွဲ ၊ ပေါင်းတည် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ 

  • ပြည်သူကို အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်သား အ ယောက် ၃၃ ဦးကို တရက်တာအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြည်သူ့ခုခံတော်လှန်စစ်အရ ရှင်းလင်းနိုင် ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ် ရေးဝန်ကြီး ဌာန ထုတ်ပြန်သည်။ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနတို့ အကြား တွေ့ဆုံဆွေးနွေးမှုကို အောက်တိုဘာ ၆ မှာ ဗီဒီယိုကွန်ဖရင့်က တဆင့်ပြုလုပ်ခဲ့ကြသည်။ 

  • ပြည်သူများ ပံ့ပိုးသည့် အလှူငွေများကို လက်နက်ထုတ်လုပ်ရေးလုပ်ငန်း၌ အသုံးပြုလျက်ရှိရာ ၄၀ မမ လောင်ချာနှင့် ဗုံးသီးကို ထုတ်လုပ်နိုင်ပီး တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဒေသ အမှတ်(၃)၊ ၁၀၀၈ တပ်ရင်း (ရှမ်းတောင်) က ယနေ့ ထုတ်ပြန်လိုက်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • လူမှုကွန်ရက်တွင် စစ်ကောင်စီကို ဆန့်ကျင်ပြောဆိုမှုများပြုလုပ်ခဲ့သည့်အတွက် ဖမ်းဆီးခံရသူ ၁၃၁၆ ဦး ရှိကြောင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လေ့လာစောင့်ကြည့်နေသည့် Data for Myanmar အဖွဲ့က အောက်တိုဘာလ ၈ ရက် ဒီကနေ့ ထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သပြေတောရွာကျေးတွင် သန်းခေါင်စာရင်းကောက်ရန်လာသည့် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်းက ပစ်ခတ်တိုက် ခိုက် ခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ်(၉) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင်၊စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ကျေးရွာဆယ်ရွာ ထက်မ နည်း ထွက်ပြေးတိမ်းရှောင်နေရပြီး လဝက်ခန့်ကြာမြင့်လာ၍ စားသောက်နေထိုင်ရေး အခက်အခဲ များ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။ 

  • စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် တိုက်ပွဲတွေပိုမိုပြင်းထန်လာ တာကြောင့် ဒေသခံပြည်သူလူထု၏ လုံခြုံမှုကို ခြိမ်းခြောက်နေကြောင်း မွန်ပြည်လူ့အခွင့်ရေး ဖောင် ဒေးရှင်း HURFOM က အောက်တိုဘာ ၅ ရက်မှာ အစီရင်ခံစာထုတ်ပြန် လိုက်သည်။ 

  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ပူးပေါင်း တပ်ဖွဲ့များနှင့် တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(LLPDF) က ယနေ့(အောက်တိုဘာ ၈) ထုတ်ပြန်သည်။ 

  • အင်းတော်မြို့နယ်၊ သောင်ကြီးရွာအနီးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF)နှင့် ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ပူးပေါင်း၍ စစ်ကောင်စီ တပ်နှင့်ရှမ်းနီတပ်ဖွဲ့(SNA)တို့အားတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်တွင် အထိအခိုက်များပြား ခဲ့ကြောင်း ​တော်လှန်​ရေးအဖွဲ့များက​ပြောသည်။ 

  • စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဟောပြောမှုများကြောင့် စစ်တပ်က ဖမ်းဆီး ထောင်ချမှု ခံခဲ့ရသော ရွှေညဝါ ဆရာတော်၏ ဒကာအရင်း တစ်ဦးဖြစ်သူ ဇဗ္မူရာဇ် ရွှေဆိုင်ပိုင်ရှင် ဦးမင်း ဇော်ဦးကို လူတစ်စုက ဖမ်းဆီးသတ်ဖြတ်သွားကြောင်း ဆရာတော်နှင့်နီးစပ်သော သံဃာတော် တစ်ပါးက မိန့်ကြားချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ်သတင်းတွင် ဖော်ပြထားသည်။ 

  • မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်၊ အင်ဒီယာနာပုလိစ့်မြို့၊ သရဏမဉ္ဇူကျောင်း တိုက်၌ နွေဦးတော်လှန်ရေး ရန်ပုံငွေဈေးရောင်းပွဲနှင့် 78th UN General Assembly - CREDENTIALS CAMPAIGN ကို ပြုလုပ်ကျင်းပခဲ့ ကြောင်း သိရသည်။ 

 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာတွင် စစ်ကောင်စီတပ်ကပစ်ခတ်သော လက်နက် ကြီး ကျည် ကျရောက်ပေါက်ကွဲ၍ စစ်ရှောင်ကလေးငယ်တဦးသေဆုံးကာ နေအိမ်ရှစ်လုံး ပျက်စီး ခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG)က ယမန်နေ့ အောက်တိုဘာလ ၈ ရက်တွင် ထုတ်ပြန်ထားသည်။ 

  • စစ်​ကောင်စီတပ် ယနေ့(အောက်တိုဘာ ၉ ရက်) နံနက် ၆ နာရီခန့်ကစ၍ မိုးဗြဲ မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း မိုးဗြဲ PDF က ထုတ်ပြန်သည်။ 

  • ချင်းပြည်နယ် ပလက်ဝမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF) အနေဖြင့် စစ်ကောင်စီ တပ်ကိုတော်လှန် တိုက်ခိုက်ခြင်းသာ လုပ်ဆောင်လျက်ရှိပြီး ဘာသာရေးဆိုင်ရာ ကိစ္စများတွင် စွက်ဖက်ခြင်း လုံး၀ မရှိဟု ပလက်၀ CDF က ယမန်နေ့တွင် ထုတ်ပြန်သည်။ 

  • ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်ရှိ တောင်ခင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ ဗဟို က ထုတ်ပြန်ထားသည်။ 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံး ခဲ့ကြောင်း CDF – KKG တပ်ဖွဲ့ထံမှ သိရသည်။ 

စစ်ကောင်စီ 

  • အစ္စရေးနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေများကြောင့် အဆိုပါနိုင်ငံကို ရောက်ရှိနေသော မြန်မာနိုင်ငံသာများအနေဖြင့် အရေးတကြီး လိုအပ်ချက်မရှိလျှင် မိမိတို့နေအိမ်မှာပဲ နေထိုင်ကြရန် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၉ ရက်နေ့ ကအသိပေးကြေညာချက် ထုတ်ပြန်သည်။ 

  • ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိသည့် ပဲခူးမြို့သို့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဌာနချုပ်မှ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ရှာဖွေကယ်ဆယ်ရေး (အထူး) တပ်ဖွဲ့ ဝင် များ စေလွှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ 

  • လတ်တလောဖြစ်ပွားနေသည့် မျက်မြှေးရောင်ရောဂါ ဒါမှမဟုတ် မျက်စိနာရောဂါ မပြန့်ပွားစေရန် လိုက်နာရမည့် အချက်များကို စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ် ရေးနှိုးဆော်ချက် ထုတ်ပြန်သည်။  

  • ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့မှာ အောက်တိုဘာ ၅ ရက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်မှုကြောင့် ပဲခူးမြစ်ရေမြင့် တက်ပြီး လူဦးရေ ၅၆၀၀ လောက် ရေဘေးသင့်ခဲ့ကြောင်း စစ်ကောင်စီ သတင်း ထုတ် ပြန်ရေးအဖွဲ့ကနေ သိရသည်။ 

အောက်တိုဘာ ၉ ရက် သုံးသပ်ချက် 

  • စစ်အုပ်စုမှ နိုင်ငံအာဏာကိုမတရားလုယူပြီးသည့်နောက် လူမှုရေးအသင်းအဖွဲ့များကို ဖိနှိပ်ခြင်း ၊မတရားဖမ်းဆီးခြင်းများအပါအဝင် စီမံခန့်ခွဲမှုအလွဲများကြောင့် စီးပွားရေးကျပ်တည်းလာခြင်းကြောင့် သဘာဝဘေးန္တရာယ်ကျရောက်ခြင်းများတွက် ပြည်သူများ အင်တိုက်အားမပါဝင်နိုင်တော့သည်ကို တွေ့ရသည်။ 

  • အကြမ်းဖက်စစ်တပ်လက်ပါးစေလူသတ်ဂိုဏ်များ မြို့ကြီးများတွင် တကျော့ပြန်ခေါင်းထောင်လာပြီး အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်မှုများ ကျူးလွန်လာပြန်သည်အတွက် ပြည်သူများ သတိဖြင့်နေထိုင်ရ မည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required