ရှေ့တန်းမှာ စစ်သားသေဆုံးမှုများပြားလာတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေကိုပါ စစ်မျက်နှာပြင်များသို့ စေလွှတ်နေ

By မဇ္ဈိမ 
06 October 2023
ရှေ့တန်းမှာ စစ်သားသေဆုံးမှုများပြားလာတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေကိုပါ စစ်မျက်နှာပြင်များသို့ စေလွှတ်နေ

အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်နေရတဲ့ ရှေ့တန်း စစ်မြေပြင်တိုက်ပွဲမှာ တိုက်ခိုက်ရေးစစ်သားများ သေဆုံး ထိခိုက်မှု များ များပြားလာတာကြောင့် ရဲတပ်ရင်းများမှ ရဲတပ်ဖွဲ့ဝင်တွေကိုပါ စစ်ဝတ်စုံများ ဝတ်ဆင်ခိုင်ပြီး စစ်မျက်နှာပြင်များသို့ စေလွှတ်မှုများ လုပ်ဆောင်နေကြောင်း သိရပါတယ်။

တပ်အင်အားပြုန်းတီးလာတဲ့ စစ်ကောင်စီတပ်ဟာ မြေပြင်တိုက်ပွဲတွေအတွက် စစ်သားတွေနဲ့အတူ ရဲတပ်ဖွဲ့ဝင်တွေကို ရှေ့တန်းပို့တာ၊ နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ် သားဝတ်စုံတွေ ပြောင်းလဲဝတ်ဆင်စေပြီး တာဝန်ထမ်းဆောင်ခိုင်းနေတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြော ဆိုလာတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ရှေ့တန်းသို့ တိုက်ခိုက်ရေး စစ် သားအများအပြား စေလွှတ်ရတဲ့ အတွက် လက်ရုံးတပ်များဖြစ်တဲ့ ကပစတပ်၊ အင်ဂျင်တပ်၊ ဆေးတပ်များကို မြို့လုံခြုံရေးအတွက် အသုံးပြုခဲ့ပေမယ့်  စစ်သားများ တိုက်ပွဲမှာ သေဆုံးခြင်း၊ တပ်မှ ထွက်ပြေးခြင်း၊ တပ်မှ တရားဝင် ထွက်ခြင်း၊ CDM ဝင်ခြင်း အပါအဝင် စစ်သား အင်အား ပြုန်းတီးမှု မြင့်မားနေတာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာအရ ပြည်သူ့ခုခံတွန်း လှန်စစ် နှစ်နှစ်အတွင်း ရန်သူ့တပ်သား ၃၀,၀၀၀ နီးပါး စစ်မြေပြင်မှာပြုန်းတီးခဲ့ပြီလို့ စက်တင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။
တပ်အင်အားပြန်လည်ဖြည့်တင်းဖို့ စစ်ကောင်စီအနေနဲ့ ပျူစောထီးအပါအဝင် ပြည်သူ့စစ်တွေ၊ နယ် ခြားစောင့်တပ်တွေ၊ စစ်မှုထမ်းဟောင်းတွေ၊ အသက်မပြည့်သေးတဲ့ တပ်သားသစ်တွေကို တိုးချဲ့စည်း ရုံးနေတဲ့အပြင် စစ်သားတွေရဲ့ ဇနီးတွေ Non CDM ဝန်ထမ်းတွေကိုပါ စစ်ပွဲမှာအသုံးချဖို့ အားထုတ်လာတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် မတ် ၂၅ ရက်နေ့ကလည်း စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေကို ပြန်လည် ပြင် ဆင်ပြဌာန်းခဲ့ပြီး အဲဒီဥပဒေအရ ရဲတပ်ဖွဲ့ဝင်တွေဟာ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးအပြင်လိုအပ်ပါက နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးမှာပါ တာဝန်ထမ်းဆောင်ရမယ်လို့ ပြဌာန်းခဲ့တာပါ။

စစ်ကောင်စီရဲ့ အတင်းအကြပ်ဖိအားပေးမှုတွေကြား တာဝန်မထမ်းဆောင်ချင်တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးတာ၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်တာတွေလည်း ပိုများလာနေပါတယ်။
NUG ရဲ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းချိန်ကစပြီး ပြည်သူ့ဘက် ကူးပြောင်းလာတဲ့ စိစစ်ပြီး ရဲတပ်သား ၁၀၅၀၀ ကျော်ရှိပြီး အဲဒီထဲက တချို့ရဲတပ်ဖွဲ့ဝင်တွေဟာ အခုအခါမှာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)အဖြစ်ခံယူပြီး တာဝန်ထမ်းဆောင်နေကြပြီလို့ သိရပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required