ရွှေဘိုခရိုင်က စစ်ရှောင်‌တွေရဲ့ စာသင်ကျောင်းတွေမှာ သင်ထောက်ကူပစ္စည်းလိုအပ်နေ

By KMN(မဇ္ဈိမ)
24 September 2023
ရွှေဘိုခရိုင်က စစ်ရှောင်‌တွေရဲ့ စာသင်ကျောင်းတွေမှာ သင်ထောက်ကူပစ္စည်းလိုအပ်နေ

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင်အတွင်းက စစ်ရှောင်တွေရဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေမှာ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတယ်လို့ ပညာရေးကူညီဆောင်ရွက်ပေးနေတဲ့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုခရိုင်ထဲက ရွှေဘို ၊ဒီပဲယင်း၊ရေဦး စတဲ့မြို့နယ်တွေမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ၁၄ ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းသား ကျောင်းသူပေါင်း ဦးရေ  ၄,ဝဝဝ ဝန်းကျင် စာသင်ကြားနေကြတာပါ။ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ကြောင်းတွေကြောင့် စာသင်ကျောင်းတွေဟာ အမြဲတန်း မဖွင့်နိုင်ဘဲ ရွေ့လျားပုံစံနဲ့ စာသင်ကြားနေရတယ်လို့  S&C အဖွဲ့က ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly