ကနီမြို့နယ် စစ်ရှောင် ကလေးငယ် အချို့ဖျားနာပြီး ဆေးဝါးလိုအပ်နေ

By KMN (မဇ္ဈိမ)
29 July 2023
ကနီမြို့နယ် စစ်ရှောင် ကလေးငယ် အချို့ဖျားနာပြီး ဆေးဝါးလိုအပ်နေ
ဓာတ်ပုံ - ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု(ပေးပို့) (ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသည့် ကနီမြို့နယ်စစ်ရှောင်များ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တွင် စစ်ကောင်စီ စစ်ကြောင်းများကြောင့် တိမ်းရှောင်နေရသည့် ကလေးငယ် အချို့ဖျားနာပြီး ဆေးဝါးလိုအပ်နေကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစု ဦးဆောင်သူက ပြောကြားသည်။

"ကလေးတွေမှာဖျားနာတာ အဖြစ်များတယ်။ အဓိကတော့ ဆေးဝါးလိုတယ် ။ ဘယ်အဖွဲ့က ဘာထောက်ပံ့ထားလို့ လုပ်နေတာမဟုတ်ပါဘူး။ ဟိုအလှူရှင် ဒီအလှူရှင်က နည်းနည်းစီ လှူတာလေးတွေ ဆေးဝယ် စုဆောင်းပြီးမှ ဆေးဝါးဝယ်ပြီး ကိုယ်တိုင်ပဲ ရပ်တည်နေကြတာ" ဟု ကနီမြို့နယ်သပိတ်အင်အားစု ဦးဆောင်သူက မဇ္ဈိမကို ပြောသည်။

ဓာတ်ပုံ - ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု(ပေးပို့) (ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသည့် ကနီမြို့နယ်စစ်ရှောင်များ)

စစ်ဘေးရှောင်များသည် ရာသီအကူးအပြောင်းကြောင့် နှာစေးဖျားနာခြင်း၊ ယားနားပေါက်ခြင်းများ ဖြစ်နေကြောင်း သိရသည်။ 

ယနေ့ ဇူလိုင်လ ၂၉ရက်တွင် စစ်ရှောင်  ၆၃ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ရာမှ ကလေးငယ်များ ဖျားနာနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ဓာတ်ပုံ - ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု(ပေးပို့) (ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသည့် ကနီမြို့နယ်စစ်ရှောင်များ)

ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့တွင် ကနီမြို့နယ် တောတွင်းတစ်နေရာ စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်ပြည်သူ ၈၆ ဦးအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်ခဲ့ကြောင်း
ကနီမြို့နယ် သပိတ်အင်အားစု ဦးဆောင်သူက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required