ကနီက စစ်ရှောင်ကလေးငယ် ၁၀၀ ကျော် ပညာသင်ကြားဖို့ အခက်အခဲရှိနေ

By လွှမ်းမိုး (မဇ္ဈိမ)
24 June 2023
ကနီက စစ်ရှောင်ကလေးငယ် ၁၀၀ ကျော် ပညာသင်ကြားဖို့ အခက်အခဲရှိနေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုး ၊ မီးရှို့နေတာကြောင့် ဒေသခံပြည်သူ ရာနှင့်ချီပြီး နေရပ်ကို စွန့်ခွါကာ တောတောင် လျှိုတွေ ကြားမှာ စုပေါင်းပြီး စစ်ရှောင်နေကြရပါတယ်။

အဲဒီမှာ စစ်ရှောင်အိမ်ထောင်စု ၂၀၀ နီးပါးရှိပြီး ကျောင်းနေအရွယ် ကလေးငယ် ၁၀၀ ကျော်ရှိပါတယ်။ ဒီကလေးငယ် ကျောင်းသား၊ ကျောင်းသူတွေကို စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၁၃ ဦးနဲ့ ပညာသင်ကြား ပေးနေတာပါ။ 

ကျောင်းသား ကလေးငယ်တွေ ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် သင်ထောက်ကူပစ္စည်း မလုံလောက်မှုတွေနဲ ကြုံနေရတယ်လို့ ပရဟိတ ပညာသင်ကြားပေးနေတဲ့ ဆရာမ ဒေါ်သီတာလွင်က မဇ္ဈိမကို ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required