အစ္စရေးကုမ္ပဏီက မြန်မာစစ်တပ်သို့စစ်လက်နက်တွေ ပေးပို့ခဲ့ 

12 June 2023
အစ္စရေးကုမ္ပဏီက မြန်မာစစ်တပ်သို့စစ်လက်နက်တွေ ပေးပို့ခဲ့ 

အမေရိကန်နဲ့ ဉရောပသမဂ္ဂတို့ရဲ့ ဒဏ်ခတ်အရေးယူ မှုတွေရှိလင့်ကစား အစ္စရေး စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံသို့ စစ်လက်နက်တွေ တင်ပို့ခဲ့ တယ်လို့ Justice For Myanmar ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ 

အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ဟာ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တဲ့ စစ်ဆင်ရေးတွေလုပ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတင်ပို့ ရောင်းချခြင်းမပြုဖို့ တားမြစ်ထားပေးမယ့် ၂၀၁၉ ခုနှစ်မှာ အစ္စရေးလက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဟာ မြန်မာစစ်တပ်အတွက် လက်နက်ထုတ်လုပ်နိုင်စေမယ့် စက်ပစ္စည်းတွေ တင်ပို့ခဲ့တယ်လို့ Justice for Myanmar အဖွဲ့က ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။

အစ္စရေးလက်နက်ထုတ်လုပ်ရေးကုမ္ပဏီ CAA Industries ဟာ မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ယူပေးနေတဲ့ ကြားခံကုမ္ပဏီတစ်ခုဆီကို ပလတ်စတစ် ပိုလီမာတွေကို ပုံသွန်းလောင်းနိုင်တဲ့ စက်ပစ္စည်းတွေအပါအဝင် စက်ပစ္စည်းနှစ်တန် ပေးပို့ခဲ့တဲ့အကြောင်း ဒီစက်ပစ္စည်းတွေကို ရိုင်ဖယ်သေနတ်တွေရဲ့ လက်ကိုင်တွေလို အစိတ်အပိုင်းတွေ ထုတ်လုပ်ဖို့အတွက် အသုံးပြုနိုင်ကြောင်း ဖော်ပြထားပါတယ်။

ကုမ္ပဏီရဲ့ထုတ်ကုန်အများစုက အရပ်ဘက်သုံးရန်သာဖြစ်ပြီး သဘောတူညီချက်တွေကို ဥပဒေ၊ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြုလုပ်တယ်လို့ CAA Industries က မီဒီ ယာတွေကို ပြောပါတယ်။

ဒါပေမဲ့ အစ္စရေးအခြေစိုက် လူ့အခွင့်အရေးရှေ့နေ တက်ကြွလှုပ်ရှားသူ အီတေးမတ် (Eitay Mack) ကတော့ မြန်မာနိုင်ငံကို ပေးပို့လိုက်တဲ့ စက်ပစ္စည်းတွေဟာ အရပ်ဘက်အတွက်ရော စစ်ရေးအတွက်ပါ နှစ်မျိုးအသုံးပြုနိုင်တယ်လို့ ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly