မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မယ်လို့ အင်ဒိုနီးရှားရေတပ်အကြီးအကဲပြော

09 June 2023
မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မယ်လို့ အင်ဒိုနီးရှားရေတပ်အကြီးအကဲပြော

အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း နာတူနာ ပင်လယ်ပြင်မှာ ကျင်းပမယ့် အာဆီယံနိုင်ငံများရဲ့ စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်ကို မြန်မာစစ်တပ် အပါအဝင် အာဆီယံနိုင်ငံများရဲ့ စစ်တပ်များ ပူးပေါင်းလေ့ကျင့်သွားဖွယ်ရှိနေကြောင်း အင်ဒိုနီးရှားရေတပ်ဦးစီးချုပ် Admiral Yudo Margono က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံအများအသင်း (အာဆီယံ) နိုင်ငံတွေ နဲ့ လေ့လာသူအဖြစ် တီမောလက်စ်တေနိုင်ငံတို့ပါဝင်တဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို တောင်တရုတ်ပင်လယ်အတွင်း စက်တင်ဘာလမှာ ကျင်းပမယ်လို့ အင်ဒိုနီးရှားစစ်တပ်အကြီးအကဲက အာဆီယံကာကွယ်ရေးဆိုင်ရာ အစည်းအဝေးအပြီး ပြောကြားလိုက်တာဖြစ်ပါတယ်။

အရှေ့တီမော အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ စစ်တပ်အကြီးအကဲ ၁၁ ဦးစလုံးဟာ  လာမယ့် စက်တင်ဘာလမှာ  အာဆီယံရဲ့ ပထမဆုံးအကြိမ် ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ရန် သဘောတူညီ ခဲ့ကြောင်း မာဂိုနိုက ပြောပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ မြန်မာလည်း ပါဝင်မယ်လို့ ပြောကြားထားပြီး  စစ်ရေးလေ့ကျင့်မှုက ရေကြောင်းလုံခြုံရေးနဲ့ ကယ်ဆယ်ရးအတွက်သာဖြစ်ပြီး တိုက်ခိုက်စစ်ဆင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေတော့ မပါဝင်ဘူးလို့ မာဂိုနိုက ပြောပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required