ကနီမြို့နယ် စစ်ဘေးသင့်ဒေသခံများအား ရွေ့လျားဆေးဝါးကုသပေးနေ

By KMN (မဇ္ဈိမ)
02 June 2023
ကနီမြို့နယ် စစ်ဘေးသင့်ဒေသခံများအား ရွေ့လျားဆေးဝါးကုသပေးနေ
Photo - Pyae Aung Naing Kani

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်မီးရှို့မှုကြောင့် စစ်ဘေးသင့်ခဲ့သည့် ကျေးရွာဒေသခံများအား အခမဲ့ရွေ့လျားဆေးဝါးကုသပေးနေကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

"သပိတ်အင်အားစုရဲ့ ရွေ့လျားဆေးဝါးကုသပေးခြင်းကို CDM ဆရာဝန်၊ ဆရာမတွေ၊ စေတနာ့ ဝန်ထမ်းတွေနဲ့ ဆောင်ရွက်နေတာပါ။ ကနီမြို့နယ် အတွင်းမှာ အခမဲ့ ဆေးဝါးကုသပေးနေတာ နှစ်နှစ်ရှိပါပြီ"ဟု ၎င်းတာဝန်ရှိသူဆိုသည်။

၎င်းအစီအစဉ်အနေဖြင့် ယမန်နေ့ ဇွန်လ ၁ ရက်နေ့တွင် ကနီမြို့နယ် အတွင်း စစ်ဘေးသင့်ကျေးရွာ လေးရွာ မှ ဒေသခံပြည်သူ ၁၃၃ ဦးကို အခမဲ့ ဆေးဝါးကုသပေးခဲ့ပြီး လူနာ ရှစ်ဦးကိုလည်း အသေးစား ခွဲစိပ်ကုသမှုပေးခဲ့ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုမှထုတ်ပြန်သည်။

ကနီမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းများ မကြာခဏဝင်ရောက်နေပြီး စစ်ဘေးသင့်သူများအား ရွေ့လျားဆေးဝါးကုသပေးနိုင်ရန်အတွက်  ဆေးဝါးပစ္စည်း အထောက်အပံ့ အကူအညီများ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required