မြန်မာနုုိင်ငံတွင် ဖက်ဒရယ် ဒီမုုိကရေစီ တည်ဆောက်ရန်အတွက် စျေးစစ်၍ဝယ်ယူရမည်ဟု ဒုုဗုုိ်လ်ချုပ်ကြီး ယွက်ဆစ်ပြော

မြန်မာနုုိင်ငံတွင် ဖက်ဒရယ် ဒီမုုိကရေစီ တည်ဆောက်ရန်အတွက် စျေးစစ်၍ဝယ်ယူရမည်ဟု ဒုုဗုုိ်လ်ချုပ်ကြီး ယွက်ဆစ်ပြော
ဓာတ်ပုံ-ဖနိဒါ

ချင်းမိုင်၊ မတ် ၂၄ ။               ။ မြန်မာနိုင်ငံတွင် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအတွက် ဈေးစစ်၍ ဝယ်ယူရမည် ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပထမနေ့ ထိပ်သီးအစည်းအဝေး မိန့်ခွန်းတွင် ပြောဆိုထားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ် ၂၄ ရက်က  ပြုလုပ်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့၏ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင်  RCSS ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်က မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

 မြန်မာ့နိုင်ငံရေးတွင် အဓိက ပြဿနာများဖြစ်သော အမျိုးသားရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ မြေယာနှင့် တပ်မတော်မှ ဖိနှိပ်ချုပ်ချယ်မှု စသည့် အချက် ၅ ချက်ကို ယနေ့ အစည်းအဝေးတွင် ပွင့်ပွင်လင်းလင်း ဆွေးနွေးသွားကြရန် ဒုဗိုလ်ချုပ် ယွပ်စစ်က တိုက်တွန်းထားသည်။

“ အပြန်အလှန် ယုံကြည်မှုတွေ ရှိနိုင်အောင် ဘယ်လို ပြည်ထောင်စု မျိုးတည်ဆောက်ကြမလဲ။ ၂ အချက်ကတော့ နိုင်ငံရေးပြဿနာ ဖြစ်ပါတယ်။ တဖက်မှာကတော့ ဖက်ဒရယ် ဒီမိုကရေစီမျိုးကို ရောင်းချပေးနေပါတယ်။ ဈေးစစ်နေပါတယ်။ အဲဒီ ဒီမိုကရေစီရအောင် ဝယ်မယ်ဆိုရင် ဘယ်လို ဝယ်မလဲ၊ ဒီနေ့ အစည်းအဝေးမှာ ကျနော်တို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရမဲ့ အချက်ဖြစ်ပါတယ်။ တဖက်လည်း ၂၀၀၈ ဖွဲ့စည်းပုံကို စွဲစွဲမြဲမြဲကိုင်ထားပြီးတော့ တင်းမာနေပါတယ်။ ကျနေ်ာတို့ လိုချင်တဲ့၊ ကျနော်တို့ လိုလားတဲ့ ဒီမိုကရေစီကို ဝယ်မယ်ဆိုရင်လည်း တော်တော်လေး ဈေးစစ်ပြီးတော့ ယူရမှာ ဖြစ်ပါတယ်”ဟု မိန့်ခွန်းတွင် ပါရှိသည်။

အမျိုးသားရေးတွင် လူမျိုးအချင်းချင်း အမြင်မှား၍ တော်လှန်ရေးအဖွဲ့အစည်းများ ပေါ်ပေါက်လာရခြင်း၊ စီးပွားရေး ကျဆင်းမှုကြောင့် လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြား အဆင့်အတန်း ကွဲပြားနေရခြင်း၊ မြေယာ ပြဿနာတွင်လည်း စစ်အာဏာဖြင့် မြေယာသိမ်းယူခြင်းသာမဟုတ်ဘဲ စီးပွားရေး အရင်းရှင်များမှလည်း အတင်းအဓမ္မ ဝယ်ယူခြင်းများ ရှိနေသည်ဟု ထည့်သွင်းပြောဆိုထားသည်။

NCA ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် စည်းလုံးညီညွတ်ကြရန် တိုက်တွန်းထားသည်။

“ဒီကနေ့ နိုင်ငံရေးပြဿ     နာကိုဖြေရှင်းတယ်ဆိုတဲ့ ထဲမှာ အဓိကအားဖြင့် ကျနော်တို့ ဘယ်လောက်ထိ စည်းလုံးညီညွတ်မှု ရယူနိုင်မလဲ။ ကျနော်တို့ ဘယ်လောက်ထိ လက်တွဲနိုင်မလဲ၊ ညီညွတ်နိုင်မလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ အန်စီအေက ကျနော်တို့ သွားနေတဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် လမ်းတလမ်း ဖြစ်ပါတယ်။ အကယ်၍ ုစုပေါင်း မညှိုနှုင်းနိုင်ဘူးဆိုရင်ဆိုရင် ရန်သူ့လည့်ကွက်ထဲမှာ ကျရောက်သွားမှာ ဖြစ်ပါတယ်”ဟု ပါရှိသည်။

ထိုအစည်းအဝေးသို့ အဖွဲ့အစည်းတိုင်းမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ အပါအဝင် ၅၀ ကျော် တက်ရောက်နေပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Khum Phucome ဟိုတယ်တွင် ပြုလုပ်နေခြင်း ဖြစ်သည်။ သဘာပတိများအဖြစ် RCSS ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွပ်ဆစ်၊ PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းနှင့် ALP မှ ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင်တို့ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required