Lion Battalion Commando စာမျက်နှာအတု ထွက်ပေါ်

By ဂျူချန်း (မဇ္ဈိမ)
12 April 2023
Lion Battalion Commando စာမျက်နှာအတု ထွက်ပေါ်

Lion Battalion Commando အမည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာအတုထွက်ပေါ်နေပြီး အလှူငွေ ကောက်ခံနေမှုများရှိနေသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များတွင် စစ်ရေးလှုပ်ရှားလျက်ရှိသည့် ဗိုလ်အယ် စေးဝါးဦးဆောင်သည့် Lion Battalion Commando စစ်ကြောင်းအမည်အသုံးပြုကာ ဖေ့စ်ဘုတ် စာမျက် နှာအတုတစ်ခု ထွက်ပေါ်နေသည်။ 
ထို Lion Battalion Commando ဖေ့စ်ဘုတ်နှာအတုသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် စတင် အသုံးပြုခြင်းဖြစ်ပြီး  လက်ရှိတွင် အဆိုပါစာမျက်နှာအား ကြိုက်နှစ်သက်သူ ၁,၀၀၀ ကျော်ရှိပြီး follow လုပ်ထားသူ ၁,၉၀၀ ကျော်ရှိနေသည်။

ထိုပေ့ချ်တွင် ဒဏ်ရာရရဲဘော်များအတွက် ဆေးကုသစရိတ်များလိုအပ်နေသောကြောင့် လှူဒါန်းပေးကြ ရန်မေတ္တာရပ်ခံကြောင်း၊ အလှူရှင်များအတွက် မှတ်တမ်းလွှာထုတ်ပေးရန်ကြန့်ကြာနေသဖြင့် တောင်း ပန်ကြောင်းများအပြင် အခြားတော်လှန်ရေးစာမျက်နှာကိုလည်း Like ပြုလုပ်ထားကြရန် တိုက်တွန်းထား သည်။ 

မဇ္ဈိမမှ Lion Battalion Commando ၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာအား ထိုပေ့ချ်နှင့် ပတ်သက်၍ မေးမြန်းရာတွင် “အတုပါခင်ဗျာ။ ပြည်သူတွေအနေနဲ့ အဲဒီအကောင့်ကို (Report) ဝိုင်းထုပေးကြပါ။ နောက်ပြီး လိုင်းပေါ်တင်ပေးကြပါခင်ဗျာ။ ကျွန်တော်တို့အဖွဲ့ အလုပ်ရှုပ်နေလို့ပါ” ဟု စာဖြင့် ပြန်လည်ဖြေ ကြားသည်။

တရားဝင်စာမျက်နှာမှာ ကြိုက်နှစ်သက်သူ ၁၆၆,၀၀၀ ကျော်ရှိပြီး အမည်မှာလည်း “Lion Battalion Commando Special Forces ဗျူဟာစစ်ကြောင်း” ဖြစ်သည်။ စာမျက်နှာ အစစ်လင့် -  https://bit.ly/3MFgMU2 

စာမျက်နှာအတုမှဖော်ပြထားသည့် အခြားတော်လှန်ရေးစာမျက်နှာများသည် “Generation Defense.Force” “Smile Hucker UG” “ဖားရွှေကျော်တော်လှန်ရေးတပ်ဖွဲ့” စသည့် စာမျက်နှာများဖြစ် ပြီး ယခုနှစ် မတ်လ ၂၇ ရက်နှင့် ၂၉ ရက်နေ့ကမှ စတင်အသုံးပြုခြင်းဖြစ်သည်။

ဖော်ပြပါစာမျက်နှာများအနက် “ဖားရွှေကျော်တော်လှန်ရေးတပ်ဖွဲ့” ဟူသည့်စာမျက်နှာသည် ရွှေဘိုခရိုင်၊ ယင်းမာပင်မြို့နယ်တဝိုက်တွင် စစ်ရေးလှုပ်ရှားနေသည့် “ဖားရွှေကျော်” အဖွဲ့အား တုပထားခြင်းဖြစ် သည်။ 
“ဖားရွှေကျော်” ၏ တရားဝင်ဖေ့စ်ဘုတ် စာမျက်နှာအစစ်အား မဇ္ဈိမမှမေးမြန်းရာတွင် မိမိတို့ လက်ရှိသုံး နေသည့် စာမျက်နှာတစ်ခုတည်းသာ အမှန်ဖြစ်ကြောင်းနှင့် စာမျက်နှာအတုမှာ မည်သည့်ရည်ရွယ်ချက် ဖြင့်ဖွင့်ထားသည်ကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ဖားရွှေကျော် အစစ်- https://bit.ly/3KSkl84

ဖားရွှေကျော် စာမျက်နှာအတုအပြင် ၎င်းတို့ဖော်ပြထားသည့် စာမျက်နှာအတုများတွင် သတင်းရင်းမြစ် မတိကျဘဲ လူထုအား စိတ်ဓါတ်တက်ကြွစေမည့် “ပျော်စေ စခန်းသိမ်းလိုက်ပြီ” စသဖြင့် စာများ မျှဝေလေ့ ရှိသည်။ 

ထို့ပြင် အဆိုပါ စာမျက်နှာအတုများတွင်လည်း အလှူငွေများ ကောက်ခံလျက်ရှိပြီး အလှူရှင်များအား အသိအမှတ်ပြုသည့် အလှူဖြတ်ပိုင်းများအားလည်း ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

ထို့ကြောင့် ဖော်ပြပါ “Lion Battalion” နှင့်အတူ “Generation Defense.Force” “Smile Huker UG” နှင့် “ဖားရွှေကျော်တော်လှန်ရေးတပ်ဖွဲ့” အမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာများသည် စာမျက်နှာအတုများဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များအား လှူဒါန်းနေသည့်အလှူရှင်များအနေဖြင့် မိမိလှူဒါန်းမည့်သူနှင့် အဖွဲ့ အစည်းများအား စိစစ်ပြီးမှသာ လှူဒါန်းကြရန် ဖော်ပြလိုက်ရသည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required