ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့အမည် အသုံးချကာ ထုတ်ပြန်ချက်အတုများ ထုတ်ပြန်နေ

By ZZ (မဇ္ဈိမ)
11 April 2023
ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့အမည် အသုံးချကာ ထုတ်ပြန်ချက်အတုများ ထုတ်ပြန်နေ

ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့ဖြစ်သည့် Dark Shadow အမည်ဖြင့် ဖေ့စ်ဘုတ်ပေ့ချ် တစ်ခုထွက်ပေါ်နေပြီး ထုတ်ပြန်ချက်များ ထုတ်ပြန်နေသည်။ ထိုပေ့ချ်နှင့် ထုတ်ပြန်ချက်များမှာ အတုသာ ဖြစ်သည်။

ရန်ကုန်အခြေစိုက် မြေအောက်တော်လှန်ရေးအဖွဲ့ဖြစ်သည့် Dark Shadow အမည်ဖြင့် အမည်တူပေ့ချ်မှ ဧပြီလ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။ ထိုထုတ်ပြန်ချက်တွင် စစ်ကောင်စီကကြီးမှူးကျင်းပသည့် သင်္ကြန်မဏ္ဍပ်များ၏ တစ်မိုင်ပတ်ချာလည်တွင် နေထိုင်ခြင်းမပြုရန် နှင့် ထိုနေရာမှပြည်သူများ အမြန်ဆုံးပြောင်းရွှေ့ကြရန် သတိပေးထားသည်။ ထိုပိုစ့်ကို ပြန်လည်မျှဝေသူ ၁၀၀ ကျော် ရှိနေသည်။

အဆိုပါထုတ်ပြန်ချက်ကိုပင် အသန်း (ICG) နှင့် The Fighter Media တယ်လီဂရမ် ချန်နယ်တို့တွင်လည်း ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၁၀,၀၀၀ ကျော် ရှိနေပြီဖြစ်သည်။

မဇ္ဈိမအနေဖြင့် ယင်းထုတ်ပြန်ချက်နှင့် ပေ့ချ်ကို အချက်အလက်စစ်ဆေးခဲ့ရာ အတုများဖြစ်နေကြောင်း တွေ့ရသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Dark Shadow အဖွဲ့၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာနှင့် တယ်လီဂရမ် တို့တွင် “ဒီထုတ်ပြန်ချက်ဟာအတုပါခင်ဗျာ ကျနော်တို့ NUG နဲ့ချိတ်ဆက်ထားခြင်းမရှိသလို ဘယ်အဖွဲ့ အစည်းနဲ့မှလည်း ချိတ်ဆက်ထားခြင်းမရှိပါဘူးခင်ဗျာ” ဟု ထုတ်ပြန်ချက်အတုသာဖြစ်ကြောင်း‌ ဖော်ပြ ထားသည်။

တယ်လီဂရမ်လင့် - https://t.me/DarkShadowYgnUG/22

ဖေ့ဘုတ်လင့် - t.ly/reNb

စမ်းချောင်းပင်မသပိတ်စစ်ကြောင်းဥက္ကဋ္ဌ ဘူးသီးကလည်း ပြည်သူများကို ခြိမ်းခြောက်ထားသည့် ထုတ် ပြန်ချက်ကို Dark Shadow မှ ထုတ်ပြန်ထားခြင်းမရှိကြောင်း ဆိုထားသည်။

လင့် - t.ly/UwzvF

ထိုပေ့ချ်အတုသည် ၂၀၂၂ မတ်လ ၁၄ ရက်နေ့တွင် “မြန်မာ့သတင်း” အမည်ဖြင့် စတင်အသုံးပြုခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှ "Dark Shadow" ဟု အမည်ပြောင်းထားခြင်းဖြစ်သည်။ ထိုပေ့ချ်ကို ကြိုက်နှစ် သက်သူ ၂၀၀ ကျော်ရှိနေသည်။

အဆိုပါပေ့ချ်တွင် ထုတ်ပြန်ချက်သုံးစောင်ကို ဖြန့်ဝေထားသည်။ ထုတ်ပြန်ချက်ထဲမှ နှစ်စောင်မှာ အမှန် တကယ်လှုပ်ရှားသည့် Dark Shadow အဖွဲ့မှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ကို ပြန်လည်ဖြန့်ဝေ ထားခြင်းဖြစ်သည်။ ကျန်တစ်စောင်မှာ ထုတ်ပြန်ချက် အတုဖြစ်သည်။

Dark Shadow အဖွဲ့၏ တရားဝင် စာမျက်နှာမှလည်း ထိုပေ့ချ်အတုဖြစ်ကြောင်းကို ဧပြီလ ၁၁ ရက်နေ့က ဖော်ပြထားသည်။ လင့် - t.ly/6IjQ

စာမျက်နှာအစစ် - https://bit.ly/41itZWZ

စာမျက်နှာအတု - https://bit.ly/43nvlRZ

ထို့ကြောင့် ရန်ကုန်ရှိမြေအောက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် Dark shadow အမည်အား အသုံးချ ကာ အမည်တူပေ့ချ်အတုရှိနေသည့်အပြင် ထိုပေ့ချ်မှထုတ်ပြန်သည့် ထုတ်ပြန်ချက်သည်လည်း အတုသာ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster

#Fake_News

#PDF_Fake_Page

#Dark_Shadow

Dark Shadow (Ygn-UG)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly