Dark Shadow UG တပ်ဖွဲ့အမည်ကိုအသုံးချပြီး လိမ်လည်အလှူခံမှုများရှိနေဟုဆို

By ဂန္ဓမာ (မဇ္ဈိမ)
20 February 2023
Dark Shadow UG တပ်ဖွဲ့အမည်ကိုအသုံးချပြီး လိမ်လည်အလှူခံမှုများရှိနေဟုဆို

ဖေဖော်ဝါရီလ ၂၀ ရက်

ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Dark Shadow UG အဖွဲ့၏ အမည်ကိုအသုံးချကာ လိမ်လည်အလှူခံမှုများရှိကြောင်း ယင်းအဖွဲ့၏သတင်းပြန်ကြားရေးတာဝန်ခံ စီဂျီ က မဇ္ဈိမသို့ ပြောသည်။

“ Dark Shadow အဖွဲ့အနေနဲ့ အလှူခံတာမျိုးလည်းရှိသလို၊ ကျနော်တို့လက်အောက်က အဖွဲ့အစည်းဆို ပြီး လိမ်ညာအလှူခံတာမျိုးတွေရှိပါတယ်။ ကျနော်တို့အခုလက်ရှိ ဘယ်အဖွဲ့အစည်းနဲ့မှ မဟာမိတ်မဖွဲ့ သလို ချိတ်ဆက်ထားခြင်းလည်းမရှိပါဘူး ”ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ တပ်ဖွဲ့အမည်ကိုအသုံးချကာ လိမ်လည်နေမှုများရှိနေသည်ကို အသိရဲဘော်ရဲဘက်များနှင့် ပြည်သူများထံမှတစ်ဆင့် ပြန်လည်သိရှိခဲ့ခြင်းဟု တာဝန်ခံစီဂျီက ပြောသည်။ ထိုသူများသည် Dark Shadow UG အတွက် အမြဲကူညီပေးနေသူများဖြစ်သောကြောင့် လိမ်လည်နေသောအဖွဲ့အစည်းမှာ Dark Shadow အဖွဲ့၏ လက်အောက်ခံအဖွဲ့ ဟုတ်၊ မဟုတ် အတည်ပြုရာမှ သိရှိရကြောင်းဆိုသည်။

“ကျွန်တော်တို့ကိုယ်တိုင်လည်း ဘယ်သူ့လက်အောက်မှမဝင်ပါဘူး။ ကျနော်တို့ရဲ လုပ်ဆောင်ချက်တိုင်း က စစ်အာဏာရှင်စနစ်ကျဆုံးဖို့ပါပဲ။ ဒီတော်လှန်ရေးပြီးရင် ကျွန်တော်တို့နဲ့ သက်ဆိုင်ရာအလုပ်တွေ ပြန် လုပ်မယ်။ ကျောင်းတတ်တဲ့သူက ကျောင်းပြန်တတ်မယ် ဒါပါပဲ။ ကျနော်တို့ Dark Shadow ကို အမြဲ ယုံယုံ ကြည်ကြည်နဲ့ထောက်ပံ့ပေးနေတဲ့ ပြည်သူတွေရဲ့အင်အားနဲ့ပဲ သွားနေတာပါ ” ဟု သတင်းပြန်ကြားရေး တာဝန်ခံက ဆက်ပြောသည်။

ထို့ကြောင့် တော်လှန်ရေးဗန်းပြ အလှူခံသည်သူများ နေရာတိုင်းတွင်ရှိသည့်အတွက် အထူးသတိထားစေ လိုပြီး ပြည်သူများအနေဖြင့် သေချာသည့်အဖွဲ့အစည်းကို စုံစမ်းပြီးမှ တိုက်ရိုက်ထောက်ပံ့ပေးစေလို ကြောင်းဆိုသည်။

Dark Shadow UG တပ်ဖွဲ့ကို ၂၀၂၂ ခုနှစ်အတွင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ တစ်နှစ်ကျော်ကာလအတွင်း စစ်ရေးတိုက်ခိုက်မှု အကြိမ် ၂၀ ကျော်ပြုလုပ်နိုင်ခဲ့ကြောင်း ၎င်းတို့အဖွဲ့၏ တစ်နှစ်တာလုပ်ဆောင်ချက် တွင်ထည့်သွင်းထုတ်ပြန်ခဲ့သည်။

Dark Shadow UG အဖွဲ့အမည်ဖြင့် လိမ်လည်အလှူခံနေမှုများကိုတွေ့ရှိ၍ သတင်းပေးလိုပါက @CGDarkShadowYgnUG အမည်ရှိ တယ်လီဂရမ်အကောင့်သို့ ဆက်သွယ်နိုင်ကြောင်းလည်း အသိပေး ထားသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly