“တသံတည်းညီ တချီတည်းရုန်း ဖက်ဆစ်နိဂုံး ၂၀၂၃” ခေါင်းစဉ်ဖြင့် ဂျပန်ရောက်မြန်မာ ၇၀၀ ခန့် ဆန္ဒ ထုတ်ဖော် 

“တသံတည်းညီ တချီတည်းရုန်း ဖက်ဆစ်နိဂုံး ၂၀၂၃” ခေါင်းစဉ်ဖြင့် ဂျပန်ရောက်မြန်မာ ၇၀၀ ခန့် ဆန္ဒ ထုတ်ဖော် 

ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ကျရောက်သော စစ်အာဏာသိမ်းမှု (၂)နှစ်ပြည့်အနေဖြင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့၌ “တသံတည်းညီ တချီတည်းရုန်း ဖက်ဆစ်နိဂုံး ၂၀၂၃ ” ခေါင်း စဉ်ဖြင့် ဂျပန်ရောက် မြန်မာနိုင်ငံသား ၇၀၀ နီးပါး စုဝေးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။ 

ဆန္ဒထုတ်ဖော်မှုကို Revolution Tokyo Myanmar -RTM ၊ Gen Y For Revolution- Japan နှင့်  အခြား တော်လှန်ရေး တက်ကြွလှုပ်ရှားသည့်အဖွဲ့အစည်းများမှ စုပေါင်းပြုလုပ်ကြခြင်းဖြစ်ပြီး ဂျပန်စံတော်ချိန် မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီအထိ ရှီနာဂါဝါမြန်မာသံရုံးရှေ့တွင်စုဝေးကာ တော်လှန်ရေးကြွေးကြော် သံများ၊ သံချပ်များ၊ သီချင်းများသီဆိုကာ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

“အမိမြန်မာနိုင်ငံကို မတရားတဲ့သူတွေလက်ထဲ မထည့်ပေးနိုင်ဘူး၊ အဲဒါကြောင့် ဆန္ဒလာပြတာဖြစ်ပါ တယ်။ နိုင်တဲ့အထိ တိုက်မယ်”ဟု လာရောက်ဆန္ဒထုတ်ဖော်သော မြန်မာနိုင်ငံသားတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ လူအင်အားအများအပြားဖြင့် ဆန္ဒပြရခြင်းမှာ စစ်ကောင်စီအားလက်မခံကြောင်းဖော်ပြခြင်း ဖြစ်သလို ဂျပန်လွှတ်တော်အမတ်များ သိရှိကြစေရန်နှင့် ဂျပန်အစိုးရအား ဖိအားပေးတောင်းဆိုပွဲအနေ ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ 

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အာဏာသိမ်းကာလနှစ်နှစ်အတွင်း လက်နက်ကိုင်တော် လှန်နေကြသည့် အဖွဲ့အစည်းများအား လက်နက်၊ ရိက္ခာထောက်ပို့ခြင်းများအပြင် ဆန္ဒဖော်ထုတ်ခြင်းများ ကိုလည်း မကြာခဏ ပြုလုပ်လျက်ရှိကြသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly