ကျိုက်ထိုမြို့နှင့် ကျိုက်ထီးရိုးဘုရားပေါ်တွင် အာဏာသိမ်း ၂ နှစ်ပြည့် လူသူအသွားအလာ နည်းပါး 

ကျိုက်ထိုမြို့နှင့် ကျိုက်ထီးရိုးဘုရားပေါ်တွင် အာဏာသိမ်း ၂ နှစ်ပြည့် လူသူအသွားအလာ နည်းပါး 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျရောက်သော စစ်ကောင်စီအာဏာသိမ်း နှစ်နှစ်ပြည့်အထိမ်းအမှတ် တစ်နိုင်ငံလုံးအနေအထားဖြင့် အသံတိတ်သပိတ် (Silent Strike) ပြုလုပ်ရာ   ပြည်သူများလည်း တစ်ခဲနက် ပါဝင်ကြကြောင်း သိရသည်။ 

"ဘုရားပေါ်ကို မနေ့ကအထိ အနည်းအကျဉ်းတော့ လူလာတာ ရှိသေးတယ်ဗျ။ ဒီနေ့တော့ ခြောက်ကပ်နေတာပါပဲ။ တောင်ခြေမှာလည်း လူအရမ်းပါးတယ်" ဟု ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဘုရားပေါ်ရှိဈေးသည် တစ်ဦးက  မဇ္ဈိမကို ပြောသည်။ 

"ပုံမှန်ဆိုရင် ဈေးသိမ်းတာက နောက်ကျတယ်၊ ဒီနေ့တော့ ၉ နာရီခွဲလောက် ကတည်းကိုက ဈေးတန်းထဲလူမရှိတော့ဘူး" ဟု ကျိုက်ထိုမြို့နယ် 
ပြည်သူ့ဈေးမှ ဈေးဝယ်သွားသော အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် မော်လမြိုင်မြို့နယ်တွင်လည်း လမ်းမများသာမက လမ်းကြိုလမ်းကြားများ၌ပင် လူသွားလူလာနည်းနေပြီး စစ်ကားများသာ ခြေရှုပ်နေကြကြောင်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly