တီးတိန်မြို့နေဒေသခံများမှ   အာဏာသိမ်း ၂နှစ်ပြည့် အသံတိတ်သပိတ်ပြုလုပ်

By ကိုခင်မောင်(မဇ္ဈိမ)
01 February 2023
တီးတိန်မြို့နေဒေသခံများမှ   အာဏာသိမ်း ၂နှစ်ပြည့် အသံတိတ်သပိတ်ပြုလုပ်

ချင်းပြည်နယ် မြောက်ပိုင်း၊ တီးတိန်မြို့တွင် အာဏာသိမ်း နှစ်နှစ်မြောက်အဖြစ် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက  ပြည်သူများ လမ်းမပေါ် သွားလာခြင်း မပြုလုပ်ဘဲ အသံတိတ်သပိတ်တွင် ပါဝင်ကြကြောင်း  မြို့နေဒေသခံများထံမှ သိရသည်။

“အရေးတော်ပုံအောင်နေပြီမို့လို့ ဆက်လက် အားတင်းကြပါအုံး။ ပျော်ဖို့ရာ လေပြည်က သွေးနေပါပြီ။ စိတ်အားမငယ်ပါနဲ့။  အမှန်တရားက အမှန်တရားပါပဲ ဘယ်တော့မှနောက်မကျဘူး။  အရေးတော်ပုံ အောင်နေပြီ” ဟု မြို့နေဒေသခံ တော်လှန်လူငယ်တစ်ဦးက ပြောသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။ သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly