ကနီမြို့နယ်တွင် NUG ပညာရေးကျောင်းမှ စုံညီပွဲတော်ကျင်းပ

By လွှမ်းမိုး (မဇ္ဈိမ)
31 January 2023
ကနီမြို့နယ်တွင် NUG ပညာရေးကျောင်းမှ စုံညီပွဲတော်ကျင်းပ

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ကျေးရွာတစ်ခုတွင် NUG ပညာရေးကျောင်းတစ်ခုမှ စုံညီပွဲတော်ကို ဇန်နဝါရီ ၃၁ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် စတင်၍ ကျင်းပခဲ့ကြောင်း ပွဲစီစဉ်သူ တစ်ဦးထံမှ သိရသည်။

အဆိုပါ အမျိုးသားညီညွတ်ရေးအစိုးရ( NUG) ပညာရေးကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၅၀၀ ခန့် တက်ရောက်ပညာသင်ယူနေပြီး CDM ဆရာ၊ ဆရာမ ၃၀ ဦးခန့်မှ အတန်းပညာသင်ကြားပေးနေကြောင်း ကျောင်းတာဝန်ခံ ဆရာ တစ်ဦးထံမှ သိရသည်။

“ ကျနော်တို့ ဒီစုံညီပွဲတော်လေးကို အခက်အခဲတွေကြားကနေ ကျောင်းတော်သူ ၊ ကျောင်းတော်သားတွေ ၊ ဆရာ ၊ ဆရာမတွေ ၊ ကျောင်းသား မိဘတွေ နှင့် ရပ်ကျေး ပကဖ တွေ စည်းလုံးမှုဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်။ စစ်ကောင်စီတပ်က လေကြောင်းသုံးပြီး ပညာရေးကျောင်းတွေကို တိုက်ခိုက်ခဲ့တာတွေ ရှိတော့ ကျနော်တို့ အနေနဲ့ အများကြီး သတိထားပြီးတော့ လုပ်ခဲ့ရတာပေါ့ဗျာ ။ ကျောင်းသူ ၊ ကျောင်းသားတွေလည်းပျော်ကြတော့ ကျနော်တို့လည်း ဝမ်းသာရပါတယ်” ဟု ကျောင်းတာဝန်ခံ ဆရာတစ်ဦးက ဆိုသည်။

အဆိုပါ ကျောင်းတွင် သင်ထောက်ကူပစ္စည်းများ နှင့် ပတ်သက်၍ A4 ၊ မြေဖြူ နှင့် အခြားသင်ထောက်ကူပစ္စည်းများ လိုအပ်လျက်ရှိကြောင်း ကျောင်းတာဝန်ခံဆရာ တစ်ဦးထံမှ သိရသည်။

ထိုပညာရေးကျောင်း စုံညီပွဲတော်တွင် ကျောင်းသူ အကမယ်လေးများက ” အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ” ဆိုသည့် စာသားပါ ပဝါလေးများဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly